~ OffJumpol ~
ကျွန်တော်တို့နှစ်ယောက်ရဲ့မင်္ဂလာကိစ္စကိုဆွေးနွေးမယ်ဆိုပြီးအခုတော့သူ့အမေရောသူပါကျွန်တော့်အိမ်ရောက်လာခဲ့ပြီ။အဖေကတော့ပျာပျာသလဲလဲဖြင့်ဧည့်ခံနေပြန်တယ်။
အိမ်ထဲစ၀င်လာကတည်းကဒေါက်မကျိုးနဲ့ဂျပု။လူကသေးသေးလေးပါဆို၀တ်ထားတာကလည်းOver Size။သူ့ကိုယ်သူအရမ်းကြည့်ကောင်းတယ်များထင်နေတာလားမသိပါဘူး။
ကျွန်တော်နဲ့အသက်အတူတူလို့သာပြောတယ်။အသက်မပြည့်ဘဲမူလတန်းတက်ခဲ့တာလားမသိဘူး။ဘယ်လိုမှကျွန်တော့်မျက်လုံးထဲမ၀င်ပါဘူး။
¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
( OffJumpol ကြည့်မရတဲ့ over size ၀တ်ထားတဲ့ GunAtthaphan လေး )
သူ့အမေအနောက်ကနေပွစိပွစိပြောပြီးလိုက်လာတဲ့အဲကောင်လေးကဧည့်ခန်းထဲရောက်တော့သူ့အိမ်လိုဘဲထိုင်ပါမပြောခင်ကတည်းကထိုင်နေပြန်တယ်။ပိုင်စိုးပိုင်နင်းနဲ့။
ယောက်ျားလေးလို့သာပြောတယ်။ပါးပေါ်မှာကလည်းပါးချိုင့်နှစ်ဖက်နဲ့။နှုတ်ခမ်းကလည်းမိန်းကလေးနှုတ်ခမ်းလိုထူယောင်ယောင်လေး။
ပြောနေတယ်ဆိုတာကတခြားဘာအကြောင်းပြချက်မှမရှိပါဘူး။ကျွန်တော်သူ့ကိုအမြင်ကပ်လို့ကြည့်မရလို့အပြစ်ပြောနေရတာပါ။ကျွန်တော်ပြောသမျှကလည်းသူ့အားသာချက်တွေမဟုတ်ဘူးထင်ပါရဲ့။
¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
