~ Gun Atthaphan ~
သူလည်းကျွန်တော့်အပေါ်အများကြီးကူညီထားတာတွေရှိတော့ဒီလိုသူနိုင်ကိုယ်နိုင်ချနေတဲ့ကစားပွဲကြီးကိုရပ်ပစ်လိုက်ချင်ပါပြီ။
ဒီနေ့အမေ့ကိုဖောက်ဖျက်တယ်ဆိုတာကလည်းကျွန်တော့်ပရောဂကြောင့်လေ။ကျွန်ရှေ့သွားသွားကြည့်နေပေမယ့်သူအခုညနေစောင်းတဲ့အထိထွက်မလာသေးဘူး။
ကျွန်တော် Facebook ကိုဖွင့်လိုက်တယ်။သူရောကျွန်တော်ရောတစ်ယောက်နဲ့တစ်ယောက် add လည်းမaddထား follow မလုပ်ထားပေမယ့် ကျွန်တော်သူ့ acc ကိုသိတယ်။
သူ့ acc ထဲ၀င်ကြည့်လိုက်တော့
OffJumpol ( 2hr )
![]()
Hoppla! Dieses Bild entspricht nicht unseren inhaltlichen Richtlinien. Um mit dem Veröffentlichen fortfahren zu können, entferne es bitte oder lade ein anderes Bild hoch. Reacts 3.2k comments 698
Caption မပါပေမယ့်သူပင်ပန်းနေပြီဆိုတဲ့ပုံလေး။
ကျွန်တော့်အနိုင်ယူမှုတွေကြားမှာသူဘယ်လောက်ပင်ပန်းနေပြီလဲ။ကျွန်တော့်အမေကြောင့်သူဘယ်လောက်များပင်ပန်းနေပြီလဲ။အားနာလိုက်တာ ဒီမသိတတ်တဲ့လူကအခုကျမှအားနာနေပြန်တယ်။
ကျွန်တော်အခန်းထဲကထွက်လိုက်ပြီးသူ့အခန်းတံခါးကိုခေါက်ဖို့ပြင်လိုက်ပေမယ့် သူပင်ပန်းနေတုန်းမို့လို့ ကျွန်တော်မနှောင့်ယှက်ချင်ပြန်ဘူး။
နာရီကြည့်တော့ ည6နာရီပင်ထိုးနေပြီ။
ကျွန်တော်သူ့အခန်းရှေ့ထပ်ရပ်လိုက်ပြီးတံခါးခေါက်မယ်ပြင်လိုက်တော့သူတံခါးဖွင့်ပြီးထွက်လာတယ်။သူ့ပုံစံကအပြင်သွားမယ့်ပုံစံမျိုး။
"အပြင်သွား မလို့ ...."
ကျွန်တော့်စကားတောင်မဆုံးသေးဘူး။သူကဘာမှမဖြေဘဲကျွန်တော့်ရှေ့ကနေဖြတ်သွားတယ်။တစ်ယောက်တည်းကြောင်တောင်တောင်ကျန်ခဲ့ရလို့ထင်ပါရဲ့ခံစားချက်ကအောင့်သက်သက်ကြီး။
