~ GunAtthaphan ~
"အား" ခနဲသူအော်လိုက်တဲ့အသံကြောင့်ကျွန်တော့်ပါးစပ်ထဲကသူ့အရာကိုအပြင်ထုတ်လိုက်ပြီးမတ်တပ်ရပ်လိုက်မိတယ်။ဘာနဲ့မှမတူတဲ့တဒုန်းဒုန်းဖြစ်နေတဲ့နှလုံးခုန်နှုန်းတွေ။
"အော့ ..."
သူအိပ်နေရင်းကနေထပြီးသူ့ပါးစပ်ကိုလက်နဲ့အုပ်ကာအိမ်သာထဲအပြေး၀င်သွားတယ်လေ။ကျွန်တော်လည်းစိတ်ပူပူနဲ့လိုက်သွားမိပြန်တယ်။ဘာကြောင့်စိုးရိမ်နေမှန်းတော့ရေရေရာရာမသိဘူး။
"အော့ ..."
သူအန်နေတုန်းကျွန်တော်ဘာလုပ်ရမှန်းမသိဘဲသူ့ဘေးမှာကပ်နေမိပြန်တယ်။
"အဟွတ် အဟွတ်"
သူချောင်းဆိုးတော့မှသတိ၀င်လာပြီးသူ့နောက်ကျောကိုဖိပေးလိုက်တယ်။
"အာ့ ..."
သူအရမ်းပင်ပန်းနေလို့ထင်ပါရဲ့ကုန်းရုန်းထပြီးရေချိုးခန်းဘေစင်မှာမျက်နှာသစ်နေတော့သည်။ကျွန်တော်လည်းအခန်းထဲကစားပွဲပေါ်တင်ထားတဲ့ရေဘူးထဲမှရေအချို့ကိုဖန်ခွက်ထဲထည့်ကာသူ့ကိုကမ်းပေးလိုက်တယ်။
"ရော့ ရေသောက်"
ရေချိုးခန်းထဲကထွက်လာတဲ့သူ့ကိုကျွန်တော်
ရေခွက်ကမ်းပေးလိုက်တော့သူကရေခွက်ကိုကြည့်လိုက်ကျွန်တော့်ကိုကြည့်လိုက်နဲ့တစ်ခုခုကိုအကဲခန့်နေသလိုမျိုးလုပ်နေလေသည်။
ကျွန်တော်ပေးတဲ့ရေကိုသူကတစ်ခါတည်းမော့သောက်ပြီးရေခွက်ကိုအခန်းထောင့်ကစားပွဲပေါ်သို့သူ့ဟာသူသွားတင်လိုက်တယ်။
အတွင်းခံတစ်ထည်တည်းသာ၀တ်ထားတဲ့အမူးသမားကကျွန်တော့်အရှေ့မှာပြန်ရပ်လိုက်ပြီး
"မင်းလုပ်တာမလား ..."
ဗုဒ္ဓေါ သူသိနေခဲ့တာလား။ဘာဘဲဖြစ်ဖြစ်မဟုတ်ဘူးငြင်းရမှာကျွန်တော့်တာ၀န်လေ။
"ဟင့်အင်း ငါမသိဘူး"
ကျွန်တော်သူ့ကိုနောက်ကျောခိုင်းပြီးရပ်ကာလက်နှစ်ဖက်ကိုကြောက်စိတ်အပြည့်နဲ့ပွတ်သတ်နေမိတယ်။သူတအားစိတ်ဆိုးနေပြီလား။
