~ GunAtthaphan ~
ဒီနေ့ဆိုကျွန်တော်တို့နှစ်ယောက်ရဲ့အိမ်ထောင်သက်တမ်းက၁၀လပြည့်ခဲ့ပါပြီ။
အရင်ကလိုနှစ်ယောက်သားရန်မဖြစ်တော့တာလည်းအတော်ကြာပါပြီ။သူ့ချာဝီနဲ့လည်းကျွန်တော်ကျောင်းကိုခဏခဏသွားဖူးနေပါပြီ။
သူကချစ်တယ်လို့ခဏခဏပြောတတ်ပေမယ့်ကျွန်တော်ကတော့အခုချိန်ထိတစ်ခါမှထုတ်မပြောခဲ့ဘူး။
တနှစ်ပြည့်ရင်ကွာရှင်းရမယ်ဆိုတာမှန်ပေမယ့်ကျွန်တော်ကသာချစ်ကြောင်း၀န်ခံလိုက်ရင်အရာအားလုံးကပြောင်းလဲသွားမှာလားဆိုတာကိုကျွန်တော်သိချင်မိတယ်။
မှန်ရှေ့မှာရပ်ရင်းအင်္ကျီကြယ်သီးတပ်နေတုန်း
"အဆင်သင့်ဖြစ်ရင်ကျောင်းသွားရအောင် Baby"
ကြည့်ပါလား အဲကောင်ကကျွန်တော့်ကို Baby Baby ဆိုပြီးပါးစပ်ကချမကျအောင်ဖြစ်နေတယ်။
ကျွန်တော်မှန်ရှေ့ကနေ ကျွန်တော့်အခန်းထဲ၀င်လာတဲ့သူ့ကိုလှမ်းကြည့်ရင်း
"ကျောင်းမှာလည်း အော်ကျယ်အော်ကျယ်နဲ့ Baby Baby ဆိုပြီး လိုက်လိုက်မခေါ်နဲ့"
လို့ပြောလိုက်တော့ Off က ကျွန်တော့်အနားကပ်လာကာ ကျွန်တော့်မျက်နှာကိုစိုက်ကြည့်ရင်း
"ဘယ်သူ့ကိုဂရုစိုက်ရမှာလဲ Baby က ကိုယ့်ရဲ့တရား၀င်အိမ်ထောင်ဖက်ဘဲလေ"
ဆိုပြီးပြောပြန်တယ်။
တနေ့တနေ့ အဲစကားနဲ့ဂုဏ်ဆာနေတာတော်တော်များနေပြီ။
"မင်းစော်ကြည်နှုန်းတွေကျမှာစိုးလို့စေတနာနဲ့ပြောပြတာ ..."
"စော်ကြည်နှုန်းကအရေးမကြီးဘူး။အဓိကအရေးကြီးတာက Baby ကိုယ့်ချစ်လာမယ့် အချစ်နှုန်းဘဲ"
"မင်းပေါက်ကရတွေပြောနေတာရပ်လိုက်တော့"
ကျွန်တော်သူ့လက်ထဲကားသော့ပေးကာပြောလိုက်ပြီးသူ့ကိုထားခဲ့ကာအခန်းပြင်ထွက်လာလိုက်သည်။
အနောက်မှာကျန်ခဲ့တဲ့ကောင်ကကျွန်တော့်ကြိမီအောင်ပြေးလိုက်လာပြီး
