Chapter 6 Unicode

1.7K 117 2
                                        

~ GunAtthaphan ~

မသိရင်ငါကဘဲတောင်းတောင်းပန်ပန်နဲ့
"လိုက်ပါနော် ...လိုက်ပါ" လို့ခေါ်လာသလိုဘဲ။ရုပ်ကိုကစုတ်ပြတ်ပြုတ်ထွက်နေတာဘဲ။

အမေကတော့တော်တော်စဉ်းစားတတ်တယ်။မဟုတ်ကဟုတ်ကလုပ်ခိုင်းတာတောင်မဟုတ်ကဟုတ်ကကောင်နဲ့လုပ်ခိုင်းတယ်။မဟုတ်ကဟုတ်ကလုပ်ခိုင်းတယ်ဆိုတာတခြားမဟုတ်ပါဘူး။ယောက်ျားပေးစားတာကိုပြောတာ။

အခုလည်းလူရှေ့သူရှေ့မှာကျက်သရေတုံးအောင်စူပုတ်နေတယ်။တချက်တချက်မျက်စောင်းကလှမ်းလှမ်းထိုးလိုက်သေး။အံ့ဩပါ့ အကြွေးနဲ့သိမ်းထားတာငါလေ ဘယ်လိုလုပ်လူကိုကောင်းကောင်းမွန်မွန်ဆက်ဆံဖို့စိတ်ကူးမရှိရတာလဲ။

"မင်းအမေဆီဖုန်းဆက်ရဦးမှာမလား"

‌မပြောချင်ပြောချင်နဲ့ပြောထုတ်လိုက်တဲ့စကားဆိုတာသိသာနေပေမယ့်ကျွန်တော်နဲ့လက်ထပ်ရမယ်ဆိုတာကိုမဏ္ဍပ်တိုင်းတက်ပြီးကြွားချင်နေပုံရတယ်။

သူ့ကိုဘာမှဆက်‌မပြောဘဲအမေ့ကိုvideo call ခေါ်လိုက်တယ်။

"Hello အမေ "

"အော် သားတို့နှစ်ယောက်ကအတူရှိနေတာဘဲ"

ဟင် အမေတို့ကတော့နောက်ပြီ။သူဘဲညစာစားခိုင်းလိုက်ပြီးအခုတော့မသိသလိုနဲ့။waiterကောင်မလေးကကျွန်တော်တို့ဝိုင်းကိုလာပြီးမှာဖို့မေးတော့နှစ်ယောက်စလုံးမှာဖို့ကိုအာရုံစိုက်လိုက်မိတယ်။ဖုန်းကိုတော့ထောင်ထားလျက်။

"သားတို့မင်္ဂလာဆောင်ဖို့အတွက် Pre-wedding တနေကုန်ရိုက်ထားရတယ်ဆိုတော့ပင်ပန်းနေမှာပေါ့။အချိန်တွေအကျိုးရှိရှိအသုံးချခဲ့ကြနော်။"

လို့ဆိုပြီးဖုန်းချသွားတဲ့အမေ။

အမေအဲလိုပြောတာအရေးမကြီးဘူး။Waiter ကောင်မလေးကရယ်နေပြီ။စောက်ကျိုးတွေတော့နည်းကုန်ပါပြီအမေရေ။

ဟိုကောင်ကတော့မသိချင်ယောင်ဆောင်နေတယ်။ငါတစ်ယောက်တည်းလောင်နေတာများလား။

ခဏနေတော့စားစရာတွေလာ‌ချပေးတယ်။

"မင်းအမေကိုပုံပို့ရဦးမှာမလား"

Contract For One Year ( U+Z )Место, где живут истории. Откройте их для себя