~ OffJumpol ~
                              ကျွန်တော်ကညဖက်ဆိုကြိုက်သလောက်နေ နေလို့ရတယ်။လုံး၀မငိုက်တတ်ဘူး။မနက်ဆိုရင်ဘယ်လိုဖြစ်ဖြစ်ထလို့မရဘူး။အဲတာဘာရောဂါမှန်းတော့မသိဘူး။သေချာတာတစ်ခုကတော့ကျွန်တော့်ရဲ့မွေးရာပါရောဂါဘဲ။ကျွန်တော့်လိုကြည့်ကောင်းတဲ့သူတွေဘဲဖြစ်တတ်တာဗျ။
                              ပြောလက်စ စကားကိုဆက်ပြောရဦးမယ်။ကျွန်တော်အိပ်ရာနိုးလာတော့ဟို "အော်တော်စော်ကော်လော်"(အောက်တန်းစားကောင်လေး)ကမရှိတော့ဘူး။
                              ကျွန်တော်လည်းရေချိုးမယ်ဆိုပြီးအပေါ်ပိုင်းရောအောက်ပိုင်းရောအကုန်ချွတ်လိုက်တယ်။အောက်ပိုင်းကိုတော့သပတ်နဲ့ပတ်ထားရတာပေါ့။
                              သူတို့အိမ်ကရေချိုးခန်းတံခါးကမှန်ချပ်အကြည်ရောင်ဆိုပေမယ့်အထဲကလိုက်ကာကာထားတယ်။
                              တံခါးကိုဆွဲဖွင့်လိုက်တော့ မနက်စောစောစီးစီးအမင်္ဂလာကိစ္စကြီးနဲ့ရင်ဆိုင်လိုက်ရပါတယ်။လက်စသတ်တော့ဟိုကောင်ပျောက်နေတာရေချိုးနေလို့ကို။ရုတ်တရက်တံခါးဖွင့်ပြီး၀င်လာတဲ့ကျွန်တော့်ကိုမြင်တော့သပတ်ပတ်ထားလျက်(ရေချိုးပြီးပြီ)နဲ့အဲကောင်ကပါးစပ်အပြဲသားနှင့်အော်လေသည်။အဆိုးဆုံးကတော့သူ့လက်နဲ့တိုက်မိလို့အောက်ပြုတ်ကျသွားတဲ့ဆပ်ပြာကိုတက်နင်းလိုက်တာပါဘဲ။
                              အဲထက်ဆိုးတာကတော့နင်းပြီးBath-tubeထဲထိုင်လျက်ပြုတ်ကျသွားသေးတယ်။သူ့ဖင်တော့မသိဘူး။ဘေးကနေသူကမ္ဘာပျက်နေတာကိုရပ်ကြည့်နေတဲ့ကျွန်တော်တောင်သူအစားဖင်နာမိတယ်။
                              "5555" 
                              ဒါတော့လုံး၀မအောင့်နိုင်တော့ဘူး။ငါအော်ရယ်မိပြီ။စိတ်သဘောထားပြည့်၀တဲ့လူချောလေးကျွန်တော်ကတခြားဟာတွေအတွက်ဘဲသဘောထားပြည့်၀မယ်။အဲကောင်ရဲ့လုပ်ရပ်တွေကိုတော့လှောင်သင့်ရင်လှောင်ရမှာဘဲ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကသူ့ကိုအနိုင်ကျင့်ဖို့တမင်ယူထားတာလေ။
                              "အား...နာနေတာမမြင်ဘူးလား။
ချီးမို့လို့ရယ်နေတာလား တရုတ်မရဲ့"
                              "အော် အဲလောက်ရယ်ရတာကိုမရယ်ဘဲငါကဘာလုပ်ရမှာလဲ"
                              "လာထူလေ စောက်ရူးလား"
                                      
                                  
                                              
                                          