Chapter 16 Unicode🔞🔞🔞

2.6K 129 8
                                        

~ GunAtthaphan ~

ကျွန်တော့်အရှေ့မှာတွယ်ဖက်ပြီးရပ်နေတာကတော့စကတ်ကိုတိုနှပ်နှပ်၀တ်ပြီးမိတ်ကပ်တတောင်လောက်ထူးအောင်လိမ်းထားတဲ့ဟိုဟာမနဲ့လူမှန်းသူမှန်းမသိအောင်မူးရူးနေတဲ့ကျွန်တော့်အိမ်ကသတ္တဝါပါဘဲ။

ချက်ချင်းကားပေါ်ကနေလူတစ်ယောက်ပြေးဆင်းလာတယ်။

"Gun ...အကိုက Off သူငယ်ချင်း White ပါ။သူအရမ်းမူးနေလို့အကိုလာပို့ပေးတာပါ။သူ့ချာဝီကတော့ Khai ကိုပေးလိုက်တယ်။သူမမောင်းနိုင်ဘူးမို့လို့ပါ"

အော် သူ့မှာလူလိုသိတတ်တဲ့သူငယ်ချင်းရှိနေတာဘဲ။

"ဟုတ် ကဲ့ "

ကျွန်သူ့ကိုကြည့်ပြီးခေါင်းငြိမ့်ပြလိုက်တယ်။

အဲလူက May လက်ထဲကနေ Off ကိုလှမ်းဆွဲပြီးကျွန်တော့်လက်ထဲထည့်ပေးလိုက်တယ်။ချီး နံလိုက်တဲ့အရက်နံ့။

"Gun သူ့ကိုထိန်းနိုင်တယ်မလား .."

"နိုင်ပါတယ်"

ကျွန်တော်အဲကောင်ကြီးကိုသယ်ပြီးအပေါ်ထပ်တက်လာလိုက်တယ်။ပါးစပ်ကလည်း တအင်း အင်း နဲ့ အော်ဟစ်နေတယ်။

"မင်းလုပ်တာ ..မင်းလုပ်လို့ ငါကမကောင်းတဲ့သူဖြစ်သွားတာ မင်းသိလား ဂျပု "

"မသိဘူး ဟေ့"

မူးသာမူးနေတာ စောက်ပြသနာကတော့ရှာတတ်သား။

"ဟေ အဲတာမင်းအခန်းမဟုတ်ဘူး။ငါ့အခန်း"

ကျွန်တော်မနိုင်မနင်းနဲ့သယ်လာရတဲ့ကောင်ကဆိုက်ဆိုက်မြိုက်မြိုက်ကြီးကျွန်တော့်အခန်းထဲရောက်လာခဲ့ပါတယ်။

( Gun အတွင်းခံမ၀တ်ထားရဘူးနော် မှတ်မိတယ်မလား 🌚 )

"အား ပူတယ်"

မထူးတော့ဘူး ကျွန်တော့်အိပ်ရာပေါ်ဘဲသူ့ကိုတင်ပေးလိုက်တယ်။

ကုတင်ဘေးမှာရပ်ပြီးအိပ်ရာပေါ်မှာလှူးလိမ့်နေတဲ့အဲကောင်ကို သက်ပြင်းအရှည်ကြီးချပြီးကျွန်တော်ကြည့်နေမိတယ်။

ပူတယ်ပူတယ်ဆိုပြီး သူ့ အင်္ကျီကြယ်သီးတွေကိုမူးမူးရူးရူးနဲ့ဖြုတ်နေတယ်လေ။

Contract For One Year ( U+Z )Donde viven las historias. Descúbrelo ahora