~ OffJumpol ~
သူ့အမေနဲ့သူ့အကိုဆရာ၀န်တို့ပြန်သွားတော့ဖျားနေတဲ့ကောင်ငယ်လေးနံဘေးမှာဘဲကျွန်တော်ဂရုတစိုက်နဲ့စောင့်နေမိတယ်။ကျွန်တော့်ကြောင့်သူအခုလိုဖြစ်သွားရတာကို။
သူအိပ်နေလို့တမင်မနှိုးဘဲထားလိုက်မိတာအခုတော့နေ့လည်၁၂နာရီပင်ခွဲနေပြီလေ။ကျွန်တော်ထိုင်နေရာကနေသူ့ကုတင်အနားလျှောက်သွားပြီး
"Gun မင်းနိုးနေတယ်မလား။"
ဆိုပြီးတိုးတိုးရေရွတ်ကာမေးမိတယ်။အင်း ...အဲ လေးတောင်မှပြန်မဖြေ။
"နိုးနေရင်လည်းထတော့။နေ့လည်စာစားပြီးဆေးသောက်ရအောင်"
ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိတဲ့အကျင့်တစ်ခုကချက်ချင်းပေါ်လာပြီးသူ့ရဲ့ခပ်ထူထူဆံပင်တို့အားခပ်ဖွဖွပွတ်သတ်ပေးကာပြောနေလိုက်မိတော့သည်။
"နိုးလျက်သားနဲ့ဘာလို့အိပ်နေတာလဲ"
ဘာမေးမေးပြန်မဖြေတဲ့ကောင်လေကိုကျွန်တော်ထပ်မေးမိပြန်တယ်။ဒါပေမယ့်လည်းသူဘာမှပြန်မဖြေ။
"အေး ..ငါညကထက်ပိုကြမ်းသွားမှ ဘာဖြစ်တတယ်ညာဖြစ်တယ်။လာမပြောနဲ့"
ကျွန်တော်အဲလိုခြိမ်းခြောက်လိုက်မှအိပ်ချင်ယောင်ဆောင်နေတဲ့ကောင်လေးကမျက်လုံးလေးဖွင့်ပြီးမကျေမနပ်နဲ့မျက်စောင်းတွေထိုးတော့တာဘဲ။
"မင်းလုပ်တိုင်းငါကခံနေရမှာလား"
သူ့ဘေးမှာနေပြီးဂရုစိုက်ပေးနေတာကိုတောင်ကျေးဇူးမတင်။ပြန်ရန်တွေ့နေတယ် ဂျပုက။
"ငါလုပ်တာမခံရင် မင်းကဘယ်သူလုပ်တာကိုခံမှာလဲ 555"
"ချီးမမိုက်ရိုင်းနဲ့ ထိုးမှာနော်"
"အေး ငါ့ကိုမထိုးခင်ကိုယ့်အနောက်ကိုလည်းသေချာဂရုစိုက်ဦး"
ကျွန်တော်သူ့ကိုစတာကိုမကျေနပ်ဘူးထင်ပါရဲ့။ငေါက်ခနဲထထိုင်ပြီးကျွန်တော့်လက်မောင်းကိုလှမ်းရိုက်တယ်။
"မင်း ရိုက်ဖို့အားရှိနေသေးတာဘဲ။ဆန်ပြုတ်တောင်သောက်စရာမလိုတော့ဘူး။"
