အပိုင်း (၄)

3.3K 396 3
                                    

(Unicode)

Part - 4

" ကျေးဇူးတင်ပါတယ် ဆရာ "

" အေး အေး ကျေးဇူးပါကွယ် .. အတန်းခေါင်းဆောင် ၂ယောက် ပြီးရင် ဆရာ့အခန်းထဲ ဒီ Tutorial စာအုပ်တွေ လာပို့ပေး "

" ဟုတ်ကဲ့ ဆရာ "

အချိန်ကုန်လို့ English ဆရာ ထွက်သွားတော့  ခုဏက ဖြေထားသည့် Tutorial စာအုပ်တွေ လာပို့ပေးရန် မှာသွား လေသည် .. အတန်းခေါင်းဆောင် ၂ယောက် ဆိုတော့ ဟို ကောင်လေးနဲ့ အတူ သွားရပေအုံးမည် .. ကျောင်းသားအယောက် ၃၀ စာအတွက် စာအုပ်တွေက မနည်းမနော .. လက်ထဲ တစ်ပွေ့တစ်ပိုက် သယ်နေတော့သည် ..

" Jimin-shi မင်း တစ်ယောက်ထဲဘယ်လို နိုင်မှာလဲ ပေး ငါ့ကို "

ပြောပြောဆိုဆိုနှင့် စာအုပ်တွေအကုန် တစ်ယောက်ထဲ မ' လိုက်တော့သည် .. လူကောင်ပဲ ကွာလို့လား မသိ  သူကျတော့လဲ အသာလေးပဲ မ' လိုက်တာ ..

" ငါ့ကို တစ်ဝက်ပေး "

" ပေးပါ ငါပဲ သယ်ခဲ့လိုက်မယ် မင်းက ဒီတိုင်း လိုက်ခဲ့ "

" မဟုတ် .. မဟုတ်ဘူးလေ "

" ဟုတ်တာတွေ မဟုတ်တာတွေ အသာထား .. ငါပဲ သယ်ခဲ့မယ်လို့ ထပ်မပြောနဲ့တော့ .. မင်းကို ငါ ပြန်ပြောနေရတာ မောတယ် "

အနောက်ကနေ သူ့နောက်ပြေးလိုက်ပြီး စာအုပ်တွေ လိုက်တောင်းနေတော့ စိတ်မရှည်တဲ့ လေသံနဲ့ ပြန်ပြောလေသည် .. သူပဲ အကုန်သယ်မယ်ဆိုတော့လဲ ကောင်းတာပါပဲ .. လူမပင်ပန်းတော့ဘူးပေါ့ .. သူပဲ သယ်ပြီး သူပဲ အရှေ့ကနေ ဆရာ့အခန်းထဲ ကို ဦးဆောင်ပြီး ခေါ်သွားတော့သည် .. အခန်းထဲ ရောက်တော့ ..

" အေး လာလာ ဒီမှာချ ..ဒီစာအုပ်တွေ roll နံပါတ်အလိုက် ပြန်စီ ပေးပါလား ဆရာ နောက် တစ်တန်း ဝင်ရမှာမို့ "

" ဟုတ်ကဲ့ ဆရာ "

" အေးအေး ကျေးဇူး သားတို့ "

စာအုပ်တွေချပြီး ခုဏက ဖြေပြီးတော့ စာအုပ် လာထပ်ကြသည့် စာအုပ်တွေကို ၂ယောက်သား roll နံပါတ် အလိုက် ပြန်စီ နေတော့ သည် ..

" 7 .. 8 .. "

" 11 .. 12 ..12 ..  ဘယ်မှာလဲ 12 .. "

" အော် ဒီမှာ ဒီမှာ "

Destiny Of Love ( အချစ်ကြမ္မာ)Where stories live. Discover now