အပိုင်း (၁၁)

2.8K 328 14
                                    

(Unicode)

Part  11

[ Jimin-ah အခုစာသင်နေလား .. hyung က coffee သောက်ရင်း Jiminကို သတိရလာလို့ ]

ရုတ်တရက် Yoongi hyung ဆီက စာရောက်လာတော့ လူက နေရခက်နေတော့သည် ..ဒီရက်ပိုင်း hyung တစ်ယောက် ခဏခဏ စာတွေပို့နေတာမို့ ထူးတော့ ထူးဆန်းနေပေသည် .. အရင်တုန်းကလိုများ ခံစားချက်တွေ ထုတ်ပြဦးမလို့လားတော့ မပြောတက် ..

[ ဟုတ် hyung .. ခု စာသင်နေတာ ကော်ဖီတွေ လျှော့သောက်ဦး hyung ]

စာတစ်စောင် ပြန်ပို့လိုက်ပြီး .. စာပြန် လုပ်နေလိုက်တော့သည် ..
ထိုစဥ် နောက် message တစ်စောင် ထပ်ရောက်လာတော့ Yoongi hyung ပဲ စာထပ်ပို့တယ်ထင်ပြီး ဖွင့်ကြည်လိုက်တော့

[ ငါ အဆင့် 130 ရတယ် အခု E ခန်းမှာ .. 😪 ]

Jungkook ရဲ့ message .. ပေးထားတဲ့ ကတိအတိုင်း E ခန်းရောက်နေ ပြီတဲ့လား .. အဆင့်ကလဲ တော်တော် တက်လာတာပဲ .. တော်လိုက်တာ စိတ်ထဲကကြိတ်ချီးကျူးလိုက်ပြီး စာတစ်ကြောင်း တော့ ပြန်လိုက်ပါသည် ..

[ ဟုတ်လား .. တော်တယ် 👍 ]

[ ဟင် ချီးကျူးတာကလဲ ဒါပဲလား .. ကဲ ထားပါတော့ .. အရေးကြီးတာ တစ်ခုရှိသေးတယ် ဒီနေ့ ငါ့မွေးနေ့ .. ]

[ ဟုတ်လား Happy Birthday 🎉 ]

[ ဟင် !!! ဘာမှမပေးတော့ဘူးလား ]

[ နောက်မှ .... အခု စာသင်နေတယ် ဒါပဲ ]

အပြန်အလှန်တွေ message တွေပို့နေရင်း ပြုံးစိစိ လုပ်နေတော့ Hoseok က တောင် စ နေသေးသည် ..
ခံစားချက်တွေကို ကြာကြာဖုံးထားလို့မရ .. သူနဲ့ တွေ့တိုင်း သူနဲ့ ဆက်သွယ်တိုင်း ဘယ်လိုမှ ဖုံးမရအောင် ဖြစ်နေတာမို့ .. ကျနော် စောင့်နေတဲ့ အချိန်တစ်ခုကို ရောက်လာပြီလို့ ထင်မိတော့သည် .. သေချာနေပါပြီ .. ဒီ ဗရုတ်သုတ်ခကောင်လေးကို ချစ်နေမိပြီ ..

ထုံးစံအတိုင်း ညနေ Guide သွားသင်တော့ .. အရင်နေ့တွေ ကထက် ပို စိတ်လှုပ်ရှားနေတော့သည် .. ဒီနေ့တော့ Jungkook ကို မွေးနေ့လက်ဆောင်အထူးပြင်ဆင်လာခဲ့တာမို့ သူ တော့ပျော်နေ မှာ ကျိန်းသေသည် .. Young ကို စာသင်ပြီး သူ့အခန်းထဲ စိတ်လှုပ်ရှားစွာ ဝင်လိုက်သည် . ကုတင်ပေါ်မှာ လှဲရင်း Game ဆော့နေသည့် ကိုယ်တော်ချော က ထ တောင်မလာ ..

Destiny Of Love ( အချစ်ကြမ္မာ)Where stories live. Discover now