အပိုင်း (၁၂)

2.8K 339 0
                                    

(Unicode)

Part  12

လွန်ခဲ့တဲ့ ၃ နှစ် ..
အလယ်တန်း ဒုတိယနှစ်မှာ Kim Jullie ဆိုတဲ့ ကောင်မလေးနဲ့ စတွေ့ခဲ့တယ် .. ယူရီကျောင်းမှာ ရှိတဲ့ မိန်းကလေးတွေထဲကမှ ကျနော့် စိတ်ကို အဖမ်းစားနိုင်ဆုံးလဲ ဖြစ်သည် ..
ဆံပင်က မတိုမရှည် ဂုတ်လောက်သာရှိပြီး မျက်ခုံးပါးပါး နှုတ်ခမ်းထူထူနှင့် ချစ်စရာ ကောင်းသည့် type မျိုးတော့မဟုတ် .. မြင်သူတကာ ကြွေလောက်သည့်အလှမျိုး မဟုတ်ပေမဲ့ ကျနော့်ရင်ထဲထိတော့ ရောက်လာခဲ့တော့သည် ..

တွေ့ဖူးသည့် တခြားမိန်းကလေးတွေနှင့်မတူ .. ချစ်စဖွယ်ကောင်း အောင် စကားမပြောတက်ပေမဲ့ သူမရဲ့အသံက စွဲဆောင်မှု တမျိုးတော့ ရှိနေသည် .. အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် တစ်ယောက်အနေနှင့် ရင်ခုန်တက်စအရွယ်လဲဖြစ်တာမို့ ပထမဆုံး ရင်ထဲက်ိုရောက်လာတဲ့ မိန်းကလေးကို အရင်ဆုံး သူငယ်ချင်း ဖြစ်အောင် ကြိုးစားလိုက်တော့သည် ..

သိပ်မကြာခင်မှာပဲ ၂ယောက်သား ချစ်သူတွေဖြစ်ခဲ့ကြသည် .. ၂ယောက်လုံးက ပိုက်ဆံလဲရှိ ရုပ်ရှည်လဲရှိကြသည့်အတိုင်း အလွန် လိုက်ဖက်ညီ နေတာမို့ ယူရီ ကျောင်းမှာ hot အဖြစ်ဆုံး couple ဆိုပြီး ခေတ်စားခဲ့သေးသည် .. Jungkook & Jullie ဆိုတဲ့ နာမည်အတိုင်း J&J couple ဆိုလျှင် ကျောင်းမှာ မသိသူမရှိ ..

၂ယောက်လုံးက ပထမဆုံး ထားသည့် ရည်းစားဦးလဲဖြစ်တာမို့ အသည်းအသန်ကို ချစ်ခဲ့ကြသည် ..
ချစ်သူတွေဖြစ်ပြီး ၁ နှစ်လောက်အကြာမှာပဲ .. သူမ ဘက်က စ ဖောက်တော့သည် .. သူမိဘတွေ ကွာရှင်းတာကြောင့် သူ့ မာမီ နဲ့အတူ သြစတေးလျ ကို လိုက်သွားရန် အကြောင်းဖြစ်လာတော့ သည် ..မလိုက်သွားဘဲ သူ့ဒယ်ဒီနဲ့ပဲ အတူ နေခဲ့ရန် အကြိမ်ကြိမ် တောင်းပန်ခဲ့သော်လည်း .. သူ့မာမီနဲ့ပဲ လိုက်ဖြစ်အောင် လိုက်သွား တော့သည်  ..

အဲ့အချိန်က ရည်းစားဦးနဲ့ ကွဲရတဲ့ သနားစရာ အသည်းကွဲသမားလေးပေါ့ .. သူမ မရှိတော့သည့်နောက်မှ ရည်းစားတွေ ထည်လဲ တွဲပြီး ရည်းစားရှုပ်သည့် Jeon Jungkook  ဆိုပြီး ဖြစ်လာခဲ့တော့သည် ..
သြစတေးလျ မှာ ၂ နှစ်ခန့်နေပြီး အခု ပြန်ရောက်လာတာပဲ ဖြစ်ပေမည် .. သူမကိုတွေ့တော့ လွန်ခဲ့တဲ့ ၃ နှစ်က အကြောင်းအရာတွေ အစီအရီ ပြန်ပေါ်လာတာပဲဖြစ်သည် ..
Willian နဲ့ Dung Woo က ကျောင်းကို Jullie ပြောင်းသွား ပြီးမှ ကျောင်းပြောင်းလာတာဆိုတော့ ဒီအဖြစ်အပျက်တွေကို မကြုံခဲ့ရ ..

Destiny Of Love ( အချစ်ကြမ္မာ)Where stories live. Discover now