အပိုင်း (၁၆)

2.9K 326 1
                                    

(Unicode)

Part  16

" သားး .. Jungkook .. ထ ထ အိမ်ပြန်အုံးနော် "

လူနားကုတင်ဘေးနားလေးမှာ မှောက်လျက်သား အိပ်ပျော်နေတဲ့ ကျနော့်ကို ပုခုံးလေးပုပ်ပြီး လာနှိုးလို့ မော့ကြည့်လိုက်တော့ အဒေါ်ကြီး ..

" ဟင် .. "

" သားလေး အိမ်ပြန်အုံးနော် .. အဒေါ်ကြီး တစ်လှည့် နေလိုက် မယ် .. အိမ်ပြန်ပြီး နည်းနည်း အနားယူပြီးမှ ပြန်လာခဲ့နော် "

" ရတယ် .. သားစောင့်နေမယ် "

" မဟုတ်တာ သားပြန်အုံးနော် သားလေး မအိပ်ရတာ ၃ ရက်တောင် ရှိနေပြီ အိမ်ပြန်ပြီး ခန နားဦးနော် .. "

" ဟုတ် .. ဟုတ် ဒါဆို အိမ်ပြန်ရေချိုးပြီး ပြန် လာခဲ့မယ်နော် .. "

" ရပါတယ် သားရယ် သားလဲ တော်တော်ပင်ပန်းနေပါပြီ .. အိပ်ရေးဝအောင် အိပ်လိုက်အုံးနော် "

" အင်းပါ .. တခုခုဆို ဖုန်းဆက်နော် .. "

" အေးပါ သားလေး .. ကျေးဇူးတင်ပါတယ် သားရယ် "

" ဟုတ် ရပါတယ်ဗျ "

Min သတိမေ့နေတာ Operation ပြီးထဲကဆို ၃ ရက်ရှိပြီ .. အခုထိ သတိမရသေး .. စိတ်တွေလဲပူသလို .. စိတ်ဓာတ်တွေလဲကျ နေပြီ အခုထိ ကောင်းကောင်းလဲ မအိပ်ရသေး အိမ်လဲမပြန်ဖြစ် .. ရေလဲမချိုးရသေးတာကြောင့် လူလဲ နံစော် နေလောက်ပြီ ..
Min သတိမရသေးဘဲ Min ကို ထားခဲ့ပြီးဘယ်မှ မသွားနိုင် ..
အခုတော့ အိမ်ခနပြန်ပြီး ရေချိုးသန့်စင်မှ ဖြစ်တော့မှာမို့ ခန ပြန်လာခဲ့တော့သည် ..

" Jungkook .. သား ခန လာပါအုံး "

" ဟုတ် .. "

ဧည့်ခန်းထဲမှာ ထိုင်နေသည့် မာမီနဲ့ဒယ်ဒီ က လှမ်းခေါ်တော့ အနည်းငယ် ကြောင်သွားရသည် ..

" သားနဲ့ Jimin အကြောင်း Young ကို မေးလိုက်ပြီးလို့ ဒယ်ဒီတို့ သိပြီးပြီ .. အဲ့ဒါ တကယ်ပဲလား "

ဒယ်ဒီက မျက်လွှာလေးချပြီး တိုးညှင်းသော လေသံဖြင့် ..

" ဟုတ် .. ဟုတ်ပါတယ် ဒယ်ဒီ "

" ဒယ်ဒီတို့လဲ သိသိချင်း တော်တော်လန့်သွားတယ် .. ငါ့သားလေးကို ဒီလိုဖြစ်မယ်လို့ မထင်ထားခဲ့ဘူး "

Destiny Of Love ( အချစ်ကြမ္မာ)Where stories live. Discover now