အပိုင်း (၆)

3K 361 2
                                    

(Unicode)

Part - 6

A ခန်းမှာ အေးအေးဆေးဆေး စာသင်ရတာ အတော်ပင် အဆင်ပြေလှသည် .. Hoseok ကလဲ အလွန်ဖော်ရွေတာမို့ စိတ်ချမ်းသာရသည် .. နေ့လည် ထမင်းစားချိန် ရောက်၍ ထမင်းစားခန်းထဲ မှာ ၂ယောက်သား ထမင်းစားနေရင်း .. ဟို ကောင်လေးတွေ အုပ်စု က ကျနော်တို့ ဝိုင်း၏ ၂ ဝိုင်းမြောက် လောက်မှာ လာစားတာ တွေ့ရသည် .. ဆူဆူညံညံ ဟေးလားဝါးလားနှင့် တော်တော်ကို ကြည့်မရပါ .. Jungkook ဆိုသည့် တစ်ယောက်ကတော့ ထမင်းစားရင်း လှမ်းလှမ်းကြည့်နေ တာ တွေ့ရသည် .. တစ်ခါ တစ်ရံ မျက်လုံး ဆုံသည့်အခါ ဘာလုပ်ရမှန်းမသိ .. သူ့အကြည့်က စူးရှ လွန်းတယ် .. သူတို့ အကြောင်းသိချင်၍ Hoseok ကို မေးလိုက်မိတော့သည် ..

" Hoseok-ah .. အဲ့ ကောင်တွေအဖွဲ့က ဘာလဲ ဆူညံနေတာပဲ လူကိုလဲ တခါတလေပြောင်ချင်နောက်ချင် နေကြတာ "

" အာ .. ဟို Ghost အဖွဲ့လား "

" ဘလို ? "

" သူတို့ အဖွဲ့ကို Ghost လို့ ပေးထားတာပဲ သူတို့ဘာသာ သူတို့ ပေးတာပါ .. အဲ့ကောင်တွေက တကယ့် ဗရုတ်တွေ အဆင့်တွေ ကလဲ နောက်ဆုံးမှာ ၄ ယောက်လုံး ယူထားတာ မိဘတွေကတော့ တော်တော် ချမ်းသာတယ်တဲ့ အဲ့ထဲက Jungkook နဲ့ Taehyung ဆိုတဲ့ ၂ယောက်ကတော့ SKB ပဲ ကောင်မလေးတွေ တော်တော်များများ ကြိုက်ကြတယ် "

"Jungkook ဆိုတာတော့သိတယ် Taehyung ဆိုတာက ? "

" အသားအရမ်းမဖြူဘူးကွာ နှုတ်ခမ်းလေးက ထူးခြားတဲ့ တစ်ယောက် "

" အော် သိပီ သိပီ အခု ဖုန်း ကြည့်နေတဲ့ တစ်ယောက်လား "

" အင်း သူ သူ .. သူကတော့ စော်သာကြည်တာပါ ရည်းစား ထားတာ မကြားဖူးဘူး "

" ဒါဆို ဟို Jungkook ဆိုတဲ့ တစ်ယောက်က ? "

" အဲ့ကောင်ကတော့ ပြောမနေနဲ့ ရည်းစားတွေမှ ပေါ လို့ .. တချို့ ကောင်မလေးတွေဆို သူ့ကြောင့်နဲ့ ခဏ ခဏ ပြဿနာ ဖြစ်ကြတာ တွေ့ဖူးတယ် "

" အော် .. အဲ့လို .. "

" ဒါနဲ့ နေပါဦး မင်း က ဘာလို့ မေး "

"ဘာရယ် မဟုတ်ပါဘူး F ခန်းမှာတုန်းက ငါ့ကို လိုက်လိုက် စ နေလို့ ကြည့်မရဖြစ်နေတာ အာ့ကြောင့် မေးကြည့်တာ "

Destiny Of Love ( အချစ်ကြမ္မာ)Where stories live. Discover now