အပိုင်း (၁၃)

2.8K 340 1
                                    

(Unicode)

Part  13

" Hoseok .. ဒီတစ်ချိန်ပြီးရင် သန့်စင်ခန်းသွားရအောင် "

" အေးအေးး .. မင်း မှာလဲ ခုချိန်ထိကို သန့်စင်ခန်းတစ်ယောက်ထဲ မသွားရဲသေးဘူး "

" ဟီးး ငါ ကမ္ဘာပေါ်မှာ အကြောက်ဆုံးက သရဲပဲ .. အာ့ကြောင့်ပါ နော် သူငယ်ချင်းလေးကလဲ "

" အေးပါကွာ .. လိုက်ခဲ့ပါမယ်ကွာ .. "

" အာ့တေ ချစ်ရတာ ငါ့သူငယ်ချင်းကို .. "

" ဟျောင့် ဟျောင့် .. ငါ့ကို လာချွဲ လို့ မင်း ဘာမထူးဘူး နော် .. ဒီလိုတွေ ချွဲတက်လို့များ တစ်ကျောင်းလုံးရဲ့ SKB ကြီးက မင်းကို သည်းသည်းလှုပ်နေတာ ဖြစ်မယ် "

Jungkook နဲ့ အကြောင်းကို hoseok ကို ပြောပြထားတာမို့ သိနေတာပဲဖြစ်သည် .. သူက မပတ်သတ်ဖို့ အတန်တန် သတိပေးထားရက်နဲ့ ရည်းစားတွေတောင် ဖြစ်လိုက်သေးတယ် ဆိုတော့ သိသိခြင်းမှာ စိတ်ဆိုးသွားလိုက်သေးသည် .. ဒါပေမဲ့ Hoseok က စိတ်ထားကောင်းသူမို့ ပြီးတော့ LGBT ကို ထောက်ခံသူလဲ ဖြစ်တာမို့ အကြာကြီးတော့စိတ်မဆိုးပါ .. ကျနော်တို့ ၂ယောက်က်ို အားပေးပါသည် .. တခါတရံ အကြံလေး တွေလဲ ပေးတက်သေးသည် .. ကျောင်းတက်တာ ၂ လ လောက် ရှိပြီ ဆိုပေမဲ့ အခုထိ သန့်စင်ခန်း တစ်ယောက်ထဲ မသွားရဲတဲ့ ကျနော့်ကိုလဲ မငြီးငြူပါ .. အမြဲ အဖော် လိုက်ခဲ့ပေးသည် ..
အခုလဲ ဒီအချိန်ပြီးတာနဲ့ ကမန်းကတန်းပဲ သန့်စင်ခန်း သွားလိုက် တော့သည် ..  ကိစ္စပြီးတော့ ၂ယောက်သားစကား တပြောပြောနှင့် ပြန်လာကြရာ .. ဟင် .. ဟိုဟာ ကု မလား .. ကောင်မလေး တစ်ယောက်နဲ့ စကားရပ်ပြောနေတာပဲ .. အဲ့ကောင်မလေးက ဘယ်သူလဲ ? ဘယ်ကလဲ ? ခေါင်းထဲမှာ ရှုပ်ထွေးလာတော့သည် ..

" Hoseok .. ဟိုးမှာ Jungkook ဘေးမှာ စကားရပ်ပြော နေတာ ဘယ်သူလဲ "

ဘယ်လိုမှ မနေနိုင်တော့လို့ Hoseok ကို မေးလိုက်ရတော့သည် .

" ဟမ် .. အဲ့ဒါ .. ဟို "

" ပြောပါ .. ဘယ်သူလဲ လို့ "

" အဲ့ဒါ .. အဲ့ဒါ Jungkook ရဲ့ ရည်းစားဟောင်း "

" အော် .. ရည်းစားဟောင်းတွေထဲက တစ်ယောက်ပေါ့ "

Destiny Of Love ( အချစ်ကြမ္မာ)Where stories live. Discover now