ဇာတ်သိမ်းပိုင်း

5.9K 348 30
                                    

(Unicode)

ဇာတ်သိမ်းပိုင်း

လွန်ခဲ့သော ၈လ ခန့်က ...

Royal ဆေးရုံရဲ့ reception တစ်ခုမှာ

" အမ အမ .. မျက်စိအထူးကု ဆရာဝန်ကြီး Kim Sang Hyo က ဆေးရုံ ဘယ်ချိန် လာတာလဲ ခင်ဗျ "

" ညနေ ၄ နာရီဆို လာတာပါ Booking ယူထားပေးပါနော် "

" အာ မဟုတ်ဘူးဗျ .. ကျနော် ပြဖို့မဟုတ်ဘူ .. အဲ့ ဆရာကြီးနဲ့  ပြဖူးတဲ့ Park Jimin ရဲ့ မျက်စိ ကိစ္စအကြောင်းလေး ဆွေးနွေးချင်လို့ပါ .. "

" အော် ဟုတ် .. ဆွေးနွေးချင်တယ်ဆိုရင်လဲ Booking လုပ်ရပါတယ်နော် .. ပြမဲ့ လူ နာ နာမည် ပြောပါ "

" Jeon Jungkook ... "

မထူးတော့ဘူး ကိုယ့်နာမည်ပဲပြောပြီး ဆရာကြီးနဲ့ တိုက်ရိုက်တွေ့မှ ရပေတော့မည် ..

" Booking နံပါတ် ၁၂ ပါနော် "

" ဟုတ်ကဲ့ ဗျ "

ညနေ ၄ နာရီ လာမည်ပြော၍ ဆေးရုံကို ၄ နာရီအရောက် လာခဲ့တော့သည် .. Booking နံပါတ် ၁၂ ကလဲ တော်တော် ကြာနေလေသည် ..

" No - 12 .. Jeon Jungkook "

" ဟုတ် ရှိပါတယ်ဗျ "

နပ်စ်မလေး နာမည်ခေါ်တာကို လှမ်းထူးလိုက်ပြီး ဆရာကြီး အခန်းထဲ ဝင်သွားလိုက်တော့သည် ..

" ကဲ ... ပြော ဘာဖြစ်လဲ မျက်စိ "

" ဟုတ် ဟို ဟို .. ကျနော်ဖြစ်တာ မဟုတ်ဘူးဗျ .. "

" အော် ဒါဆို ပြမဲ့လူရော .. "

" ဟို ဒင်းး .. သူလဲ မပါဘူးဗျ .. "

" ဟမ် .. မင်းငါ့ကို လာနောက်နေတာလား "

" မဟုတ်ပါဘူး ဆရာရယ် .. နောက်တာ မဟုတ်ပါဘူး အတည်ပြောတာပါ .. ဒီလိုဗျ .. ဟိုးတလောက ဆရာကြီး ကိုင်ရတဲ့လူနာတွေထဲမှာ Park Jimin ရှိတယ်မလားဟင် .. ဟို ဟို ကား Accident ကြောင့် မျက်လုံးထိသွားတဲ့တစ်ယောက် "

" အော် .. သိပြီ .. ဦးခေါင်းထဲက အာရုံကြော ပေါက်သွားတဲ့ တစ်ယောက်  .. အမ်း မှတ်မိပြီ.. အဲ့ဒါ ဘာဖြစ်လို့တုန်းး "

" သူက ဘာမှ မဖြစ်ပါ ဘူး .. ကျနော်က သိချင်တာလေးတွေ မေးချင်လို့ပါ "

Destiny Of Love ( အချစ်ကြမ္မာ)Where stories live. Discover now