အပိုင်း (၁၄)

2.8K 341 5
                                    

(Unicode)

Part  14

ဒီနေ့ Yoongi hyung က သူ့မွေးနေ့တဲ့ .. restaurant တစ်ခုမှာ Party အသေးစားလေး လုပ်မှာမို့ ဖိတ်ထားသော ကြောင့် .. ရေမိုးချိုး ပြင်ဆင်ပြီး ထွက်ခဲ့လိုက်တော့သည် ..
ချိန်းထာသည့် နေရာကို ရောက်တော့ .. တစ်ဆိုင်လုံးလဲ ဘယ်သူမှ ရှိမနေ .. တိတ်ဆိတ်နေတော့သည် ..

" Park Jimin လား ခင်ဗျ "

" ဗျာ .. ဟုတ် ဟုတ် ပါတယ် "

" ဒါဆို ကျနော်နဲ့ လိုက်ခဲ့ပါနော် နေရာ လိုက်ပြပေးပါ့မယ် "

စားပွဲထိုးကောင်လေး က ဧည့်ကြိုပြီး လာခေါ်တော့ ဘုမသိ ဘမသိ လိုက်သွားခဲ့တော့သည် .. နေရာ ကိုရောက်တော့ စားပွဲထိုးလေးက ပြန်သွားပြီး စားပွဲတစ်ခုမှာ အထာကျကျ ထိုင်နေသည့် Yoongi hyung .. သူ့ နားကို လျှောက်သွားလိုက်ပြီး ..

" ရောက်ပြီလား Jimin "

" ဟုတ် .. ကျနော် စော နေတာလားမသိဘူး .. ဘယ်သူမှလဲ မရောက်သေးဘူး "

" ရောက်လာမှာ မဟုတ်ဘူး hyung တစ်ဆိုင်လုံး ငှားထားတာ "

" ဟင် မွေးနေ့ဆို? party လုပ်မလို့ဆို ? "

" မွေးနေ့က ဟုတ်တယ် Jimin နဲ့ ၂ယောက်ထဲ Party လုပ်ချင်တာ "

" Hyung .. အဲ့လိုတွေ နေရခက်အောင် မလုပ်ပါနဲ့လို့ ကျနော် ပြောထားတယ်လေဗျာ "

" အင်းပါ hyung မလုပ်ပါဘူး ဒီလို ၂ယောက်ထဲ dinner စားတာလေးတော့ မွေးနေ့ လက်ဆောင်အနေနဲ့ ပေးလေ နော် "

မွေးနေ့လက်ဆောင်အဖြစ် တောင်းမှတော့ .. ဒီလောက်လေး ကတော့ လိုက်လျော ပေးရတော့မှာပေါ့ ..

" Happy Birthday hyung !!  Hyung အတွက် လက်ဆောင် ဝယ်လာသေးတယ် ဒီမှာ "

ခုဏက ထွက်လာရင်း လမ်းမှာ ဝင်ဝယ်ခဲ့တဲ့ ဗူးလေးနဲ့ ထည့်ထားသည့် နက်ခ်တိုင် လေးကို ထုတ်ပေးလိုက်တော့သည် ..

" Hyung နဲ့လိုက်မယ် ထင်လို့ စျေးကြီးတဲ့ထဲက မဟုတ်ပါဘူး ဒီတိုင်းပဲ အမှတ်တရ လေးဖြစ်စေချင်လို့ "

" လှတယ် Jimin .. hyung ကြိုက်တယ် .. ကျေးဇူးပါနော် .. "

" ဟုတ် "

၂ယောက်သား ပြန်လည် တိတ်ဆိတ်သွားတော့သည် ... ခဏ နေတော့  ရုတ်တရက်ကြီး ထလာပြီး အိတ် ထဲက တစ်စုံ တစ်ခု ကို ထုတ်နေတော့သည် .. ဟင် .. ဆွဲကြိုးလေး တစ်ကုံး ပါလား

Destiny Of Love ( အချစ်ကြမ္မာ)Where stories live. Discover now