အပိုင်း (၁၈)

2.9K 308 1
                                    

(Unicode)

Part  18

မနေ့ညက  Min က  ဆေးရုံအခန်းထဲ ပေးမဝင်တော့ .. အဒေါ်ကြီးက အိမ်ပြန် အိပ်ခိုင်းလို့ အိမ်ပြန် အိပ်လိုက်ရသည် .. တညလုံးလဲ အိပ်မပျော်ပါ .. ဝ အောင် ငိုထားတော့ မျက်လုံးတွေ လဲ မို့နေပြီ .. မနက် လင်းခါနီးမှ မှေးခနဲ အိပ်ပျော်သွားပြီး နိုးလာတော့ .. Young က အခန်း ထဲ ဝင်လာတာ တွေ့ရသည် ..
ဘေးနားလေးမှာ ငုတ်တုတ် လာထိုင်ပြီး ..

" Kookie .. နင် အရမ်း ခံစားနေရလား .. ငါ သိပါတယ် နင် ခံစားနေရမှာ .. Jimin Oppa အတွက်လဲ ငါ တကယ် စိတ်မကောင်းဘူး .. "

ဘာစကားမှ ပြန်မပြောနိုင်ပါ .. မျက်ရည်တွေ ဝဲ လာပြန်တော့ သည် .. Young က လက်လေးကိုင်ပြီး အားပေးရှာသည် ..

" တခုခုဆို တယောက်ထဲ ကြိတ်မခံစားပါနဲ့ဟာ ငါ့ကို ပြောပါ "

ဒီလို လူကြီးဆန်ဆန် စကားလေးကို Young ဆီက တခါမှ မကြားဖူးတာ အမှန် .. ငိုချင်ရက်လက်တို့ ဖြစ်သွားတော့ Young ကို ဖက်ပြီး ငိုမိတော့သည် ..

" ငါ .. ငါ့ကြောင့် ဖြစ်ရတာပါ .. Min အခုလို ဖြစ်ရတာ ငါ့ကြောင့် "

Young က ကျောလေး ပုပ်ပေးပြီး နှစ်သိမ့်နေတော့သည် ..

------------------------------------

ကျောင်းရောက်တော့လဲ Taehyung ကို ပြောပြပြီး ထပ်ငိုမိ ပြန်သည် ..
ညနေ ကျောင်းဆင်းတော့ ထုံးစံအတိုင်း ဆေးရုံဘက် ထွက်ခဲ့လိုက်သည် .. Min အခန်းထဲရောက်တော့ .. ဟင် လူတစ်ယောက် .. အရပ်က အရမ်းမရှည် အသားဖြူစွပ်နေပြီး မျက်လုံးပေါက်ကလဲ ကျဥ်းလှသည် .. ထိုလူကို စိုက်ကြည့်နေတုန်း
မျက်နှာက  William နဲ့ ရုပ်ချင်းဆင် နေတာမို့ William ရဲ့ အကို Min Yoongi ဆိုတာ ချက်ချင်းသဘော ပေါက်လိုက်ပါသည် .. ဒီလူကျတော့ လက်ခံပြီးစကားပြော နေတယ်တဲ့ Min ရယ် .. သူတို့ စကားပြောနေကြတာ မကြည့်ချင်တော့လို့ အခန်းထဲက ထွက်ခဲ့ လိုက်ပြီး ဆေးရုံထဲ လမ်းလျှောက်နေလိုက်သည် .. ထိုလူ ပြန်လောက်ပြီထင်မှ အခန်းထဲကို ပြန် လျှောက်လာခဲ့လိုက်သည် ..

" Min .. ဟိုလူ ဘာတွေပြောနေပြန်တာလဲ "

Min က ဘာစကားမှ ပြန်မပြော ..

" Min ကု ကိုစကားပြောပါအုံး .. နော် .. ကု ဘယ်လိုမှ မနေနိုင်လို့ပါ .. Min ဆီက ခွင့်လွှတ်မှု ကို ကု တဖြေးဖြေးချင်း ရအောင် ယူမှာပါ .. ဒါပေမဲ့ အခုတော့ ကု ကို စကားပြောပါနော် "

Destiny Of Love ( အချစ်ကြမ္မာ)Where stories live. Discover now