အပိုင္း (၁)

14.5K 788 123
                                    

Unicode

                     အပိုင်း(၁)လူဆိုးကြီး

ျကွယ်ဝချမ်းသာပြီး အရပ်ရှစ်မျက်နှာလုံးကို အုပ်ချုပ်နေတဲ့ ရှောင်းပြည်ထောင်စု က ကြွယ်ဝ ပြည့်စုံသော ပြည် တစ်ခု ဖြစ်သည်၊၊

ဟန်ခေတ်၊ ရှောင်းတိုင်းပြည် ရဲ့ ရှောင်းဧကရာဇ်မင်း ၏ သားတော်က Alpha တစ်ယောက်ဖြစ်သည်၊၊ ဝံပုလွေ တစ်ကောင်လို ပရိယာယ် များပြီး ခြငေ်္သ့ တစ်ကောင်လို ရဲရင့်သည်၊၊

ချောမောခန့်ညားမှုတွေ ကိန်းအောင်းနေတဲ့ မင်းသားက ရက်စက်သည် ဟုလည်း ကောလာဟလ သတင်းတွေ ထွက်နေသည်၊၊

တောလိုက်ဝါသနာ ပါသော မင်းသားက လပြည့်၊ လကွယ်တိုင်း နောက်ပါ အခြွေအရံ တွေနှင့် တောကစားထွက်လေ့ရှိသည်၊၊

Alpha,  Omega, Beta ဆိုပြီး လူတန်းစား ခွဲခြားထားပြီး Omega တွေက Alpha တွေရဲ့ ပါရမီဖြည့်ဖက် အဖြစ် သတ်မှတ်ထားသည်၊၊ Betaတွေကကျ သာမန် ရိုးရိုး ဖြစ်၍ ဘယ်သူကို နေနေ ချစ်ကြိုက်ခွင့်ရှိသည်၊၊

သို့သော် ကိုယ့်ရဲ့ Mate ကိုပဲ သစ္စာ ရှိရမည်ဟု စည်းကမ်းချက်ရှိသည် ၊၊ Alpha တစ်ယောက်အနေနဲ့ Omega, Beta ကျား၊ မ မရွေး သဘောကျနိုင်သော်လည်း ကိုယ့် အမှတ်အသား ရှိသော သူအပေါ်မှာ သက်ဆုံးတိုင် သစ္စာ ရှိရမည် ဖြစ်သည်၊၊

ရှောင်းကျန့် (အရှင့်သား )က Alpha တစ်ယောက်ဖြစ်ပြီး နောက်လိုက် ယွီပင်းက Betaတစ်ယောက်ဖြစ်သည်၊၊

အခုချိန်က လပြည့်နေ့ည ဖြစ်၍ အရှင့်သားက တောကစားထွက်ရင်း လုပ်ကြံခံရသည်၊၊

" ချွင် ချွမ် ရှပ် အား "

" အရှင့်သား "

" ပြေး "

ဝမ်းဗိုက်ကို ဖြတ်ရှသွားတဲ့ ဓားရာကြောင့် နီရဲရဲ သွေးစက်တွေ ကျနေသည်၊၊ ဝတ်ရုံက အနီရောင်ဖြစ်သော်လည်း သွေးစက်တွေ ကျနေတာ မဖုံးကွယ်နိုင်၊၊

ရန်သူလေးငါးယောက်ပဲ ကျန်တော့ ချနေရင်း တပည့်ဖြစ်သူ ယွီပင်း ကို ထွက်ပြေးဖို့ အမိန့်ပေးရလေသည်၊၊

" အရှင့်သား "

ရန်သူ တွေ အကုန်လုံး လဲကျသွားကာမှ ရှောင်းကျန့် က ဓားကို ထောက်ရင်း ဒူးတစ်ဖက်ချ ထိုင်ကာ ဒဏ်ရာကို ဖိထားရသည်၊၊

ဧကရာဇ်ရဲ့  မူပိုင်လူ [[ Completed  ]]Where stories live. Discover now