အပိုင္း(၈)

4.6K 463 36
                                    

Unicode

      အပိုင်း(၈) အဆိပ်

ရှောင်းကျန့် ဧကရာဇ် ဖြစ်လာတဲ့အချိန်ကစပြီး ရှောင်းကျန့် က အကျင့်ပျက် အမတ်တွေ၊ ရဲမက်၊ မင်းမှုထမ်း ကအစ စစ်ဆေးပြီး ပြည်သူတွေဆီက လုယက်နေတဲ့ ချောင်စားသမားတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ် ခဲ့သည်၊၊

တရားမျှတသော အုပ်ချုပ်ရေးကို ထူထောင်ခဲ့သည်၊၊ အခွန်ငွေ ကောက်ခံမှုကို လျော့ပါး စေပြီး မင်းမှုထမ်း အမတ်တွေရဲ့ ပိုင်ဆိုင်မှု ကိုတော့ ဘဏ္ဍာရေးရာမှာ မှတ်ထားစေပြီး အရေးကြီးလာပါက အခွန်ဆောင်စေရန် ရည်ရွယ်သည်၊၊

ရှောင်းကျန့် က တိုင်းပြည်ရေးရာနှှင့် စိတ်နှစ်နေရ၍ ဝမ်ရိပေါ် ကလည်း နန်းတွင်းမှာ အာဏာရှိတဲ့သူ ဖြစ်သည်၊၊ နန်းတွင်းတွင်သာမက သမားတော်အဆောင်မှာပါ အာဏာရှိကာ စီမံ အမိန့်ပေးနိုင်သူ ဖြစ်လာသည်၊၊

ရိပေါ် ကလည်း ဆေးဆောင် အတွက် ဆေးဝါးတွေကအစ လိုအပ်ချက်မရှိအောင်စီမံသည်၊၊ ဟန်တိုင်းပြည်က ဂျင်ဆင်းတွေ၊ စားဖွယ်ရာတွေကို ကုန်သွယ် လုပ်ကာ သူက ရှေ့ဆောင် အမိန့်ပေးသည်၊၊

စားဖိုဆောင်တွင်လည်း အချက်အပြုတ် ကအစ လိုက်လံ စစ်ဆေးသည် ၊၊ သူ့၏ ယောကျ်ား က အခုတလော ပြည်ရေး ကိစ္စဝိစ္စ နှင့် အလုပ်ရှုပ်နေသဖြင့် အာဟာရ ရှိအောင် အရသာ ရှိတာလေးတွေ ချက်ပြုတ်စေသည်၊၊

ကြင်နာပြီး ချစ်ဖို့ကောင်းတဲ့ ကြင်ယာတော် ဝမ်ရိပေါ် လေးကို နန်းတွင်းသူ၊ နန်းတွင်းသားတို့က ချစ်ခင်လေးစားကြသည်၊၊ ဒါပေမဲ့ ဧကရာဇ် ရဲ့ သွေးအေးဖွယ် အကြည့်တွေလဲ ကြောက်ရသည်၊၊

မပျော်နိုင်သူမှာ အမတ်ချောင် ဖြစ်သည် ၊၊ ရှောင်းကျန့် က ဘုရင် ဖြစ်လာကတည်းက ထင်မထားလောက်အောင် ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပြီး အာဏာပြလာသည်၊၊ ရှောင်းကျန့် က မသိရင် မခုတ်တတ်တဲ့ နှံအအ ကြောင်တစ်ကောင်လိုပဲ၊၊ နောက်တော့ ဝံပုလွေ လို ဉာဏ်များလှသည်၊၊ သူလျော့တွက်ခဲ့တာ မှားခဲ့ပြီ၊၊

" ချောင်အမတ်ကြီး "

" လင်ချိုး ဘက်က ဘာထူးသလဲ "

ဧကရာဇ်ရဲ့  မူပိုင်လူ [[ Completed  ]]Where stories live. Discover now