အပိုင္း(၉)

4.2K 413 18
                                    

Unicode

    အပိုင်း(၉) ဆရာတူအစ်ကိုဆီသို့

ရှောင်းကျန့် သတိမလည်တာ ၂ရက်တောင် ရှိပြီ၊၊ နန်းတွင်း သမားတော် တွေလည်း အတတ်နိုင်ဆုံး ကြိုးစားကြပေမဲ့ ဖြေဆေးတွေ့ဖို့ လမ်းစက မရှိ ဖြစ်နေသည်၊၊ ဒီသတင်းက နန်းအပြင်ကို ရောက်ရင် ရှောင်းကျန့် အတွက် မလွယ်ကူလှ၍ ရိပေါ် က ဖုံးဖိ ထားကာ နန်းတွင်းက ကိစ္စ အချို့ကို သူက ယာယီ ဦးဆောင်ထားသည်၊၊

" ကြင်ယာတော်ဝမ် အခေါ်လွှတ်ပါသလား "

" ဟုတ်တယ် ငါ တောင်းဆိုစရာ ရှိလို့ပါ "

" ပြောပါ အရှင့် ကြင်ယာတော် "

ယွီပင်းက ဒူးထောက်ကာ အမိန့်ကို စောင့်နေသည်၊၊

" ဒီမြေပုံထဲက အတိုင်း သွားပါ၊၊ ယွီမုံလုံ ဆိုတဲ့ လူကို တွေ့ရင် နန်းတော်ကို ခေါ်လာခဲ့ပါ၊၊ ဘယ်သူက အခေါ်လွှတ်လဲ မေးရင် ဝမ်ဝမ် ကလို ပြောလိုက်ပါ "

ရိပေါ် က မြေပုံစာရွက်ကို ကမ်းပေးတော့ ယွီပင်းက လက်လှမ်းယူသည်၊၊ ထို့နောက် ကြင်ယာတော်ဝမ်ကို မျက်လွှာပင့်ကြည့်မိသည်၊၊ ရိပေါ် က ခေါင်းညိတ်ပြတော့ သူက အရိုအသေပေးကာ အခန်းထဲက  ထွက်သွားသည်၊၊

ငယ်ငယ်က ကစားဖော်ဖြစ်ခဲ့ဖူးသည့် ဆရာတူ အစ်ကို ယွီက ဆေးပညာ တစ်ဖက်ကမ်း တတ်ကြောင်း မေမေ ပြောထားဖူး၍ အစ်ကို ယွီ ဆီ အကူအညီတောင်းရမှာပဲ၊၊ အခုဆို အစ်ကိုယွီက ဇနီး တစ်ယောက် ရနေပြီဆိုပြီး သတင်းလဲ ကြားရသေးသည်၊၊ ယွီပင်း ဆရာတူအစ်ကိုဆီ ရောက်ဖို့ မျှော်လင့်ရမှာပဲ၊၊

ရှောင်းကျန့် ရဲ့ ကိုယ်လက်တွေကို အဝတ်စနဲ့ ရိပေါ် က သုတ်ပေးနေသည်၊၊ ရှောင်းကျန့် သတိလည်မလာသေးတာ အရမ်းကို ဆိုးရွားလှပါတယ်၊၊ နန်းတွင်းက လူတွေရော၊ လုပ်ကြံသူတွေရော ရှုပ်ထွေးပွေလီ လှတဲ့ နေရာကြီးမှာ မရှင်သန်ချင်တော့လောက်အောင်ပဲ၊၊ စတွေ့တုန်းကလည်း ရှောင်းကျန့် က ဒဏ်ရာကြီးနဲ့၊ အခုလဲ ဒဏ်ရာ ရပြန်ပြီ၊၊

" ကျန့်... မင်း အရမ်း အိပ်တာပဲ၊၊ ငါ မှာ မင်းအလုပ်တွေ လုပ်ရတော့ ပင်ပန်းနေပြီသိလား ၊၊ မင်း အမြန်နိုးလာတော့ "

ဧကရာဇ်ရဲ့  မူပိုင်လူ [[ Completed  ]]Where stories live. Discover now