အပိုင္း(၃)

6.1K 649 47
                                    

Unicode

အပိုင္း(၃) အမိန့်စာ

ရှောင်းကျန့် နန်းတော်ကို အသက်ရှင်လျက် ရောက်လာတာ အမတ်ချုပ်ချောင် သာသိရင် သွေးဆူနေမှာပဲ၊၊ မယ်မယ်ကို လုပ်ကြံထားတဲ့ သွေးကြွေး ဆပ်မပြီးမချင်း ရှောင်းကျန့် က သေဖို့ စောသေးတယ်၊၊ ရှောင်းကျန့် ကို လွယ်လွယ်နဲ့ သတ်လို့ရမယ်ထင်နေလား အဟက်၊၊

" အရှင့်သား သက်သာရဲ့လား ဟင့် "

နို့ထိန်း ကုန်းကုန်းက မျက်ရည်တွေနဲ့ ရှောင်းကျန့် ကို မေးသည်၊၊ မယ်မယ်မရှိတော့ကထဲက ကုန်းကုန်းက သူ့အတွက် မိသားစုနဲ့မခြားပေ၊၊

" ဘာမှမဖြစ်ပါဘူး "

" ကျွန်တော်မျိုး စိုးရိမ်လိုက်ရတာ "

ရှောင်းကျန့် ရယ်ပဲ ရယ်နေလိုက်တော့သည်၊၊ ခမည်းတော် ကလွဲပြီး သူအပေါ် မေတ္တာ မှန်နဲ့ ချစ်ပေးတဲ့ သူတွေ ရှိနေတာကိုက ကြည်နူးမိပါသည်၊၊

" ဧကရာဇ်မင်းကြီး ကြွလာပါပြီ "

ရှောင်းကျန့် မျက်နှာ တည်တင်းသွားသည်၊၊ အသက်မသေဘဲ ဒီပြန်ရောက်လာက ကံဆိုးလား၊ ကံကောင်းလား သူမဝေခွဲတတ်တော့၊၊

" သား ဘယ်လိုနေလဲ "

" ဘာမှမဖြစ်ဘူး "

ရှောင်းကျန့် ခမည်းတော် နဲ့ စိမ်းသက်နေတာအမှန်ပဲ၊၊ မေတ္တာ တရားဆိုတဲ့ ဖခင်ဆီက ချစ်ခြင်းတရားတွေကိုတော့ ရှောင်းကျန့် မရခဲ့ဘူး ထင်တာပဲ၊၊

ကံကောင်းတာက ခမည်းတော်က မယ်တော်ကလွဲပြီး ဘယ်သူနဲ့မှ အိပ်ဆောင်မဝင် ၊၊ ဒါပေမဲ့ တိုင်းပြည်အတွက် မိခင်ဆိုတာ လိုသေးတယ်မလား၊၊ဒါကြောင့် မယ်မယ်ရဲ့ ညီမကို မိဖုရားခေါင် အဖြစ် ခံယူစေခဲ့တာ၊၊ မယ်မယ်သာ ရှိရင် လက်ရှိ မိဖုရား က မယ်မယ် ညီမဆိုတော့ သူက တူလေး ပဲ၊၊ အခုတော့ အမေနေရာမှာ သူမက နေရာယူလာတယ်၊၊ ရှောင်းကျန့် က မယ်မယ်က လွဲပြီး ဘယ်သူကိုမှ အချစ်ခွဲမပေးနိုင်ဘူး၊၊ တစ်ယောက်သောသူကလွဲရင်ပေါ့၊၊

" သား အသက်ကို ကယ်တင်တဲ့ လူငယ်လေးက ဘယ်သူလဲ "

ရှောင်းကျန့် လှစ်ကနဲ ပြုံးမိပြန်သည်၊၊ စွာတေးလန်လေးနာမည်ကိုတော့ မသိခဲ့ရပေမဲ့ လမ်းစလေးတော့ ရခဲ့ပါသည်၊၊

ဧကရာဇ်ရဲ့  မူပိုင်လူ [[ Completed  ]]Where stories live. Discover now