အပိုင်း(၁၅)

3.8K 394 19
                                    

Zawgyi

အပိုင်း(၁၅) မိတ်ဆွေကောင်းနဲ့ ဆုံခြင်း

ရှောင်းကျန့် တို့ တိုင်းပြည်ဆီ တခြား တိုင်းပြည်မှ သံတမန် တစ်ယောက် ရောက်လာမည်တဲ့လေ၊၊ ချစ်ကြည်ရေး မိတ်ဖွဲ့ဖို့အတွက် ဂျိုဆွန်းပြည်မှ သံတမန် အမတ် လီမင်ဟို ရောက်ရှိလာသည်၊၊

လီမင်ဟိုက ဂျိုဆွန်းပြည်၏ ရုပ်ရည်ချောမောသောယောက်ျားတစ်ယောက်ဖြစ်ရုံမက ၊ မြင့်မားတဲ့ အရပ်နှင့်သူက ကြည့်ကောင်းလှသည်၊၊ မြို့တော်က မိန်းမငယ်လေးတွေကလည်း လီမင်ဟို ကို မြင်တာနဲ့ စပ်စပ်ကို လူးနေတော့သည်၊၊

ရှောင်းကျန့် တို့က သံအမတ်ကို ကြိုဆိုတဲ့ အနေနဲ့  စားပွဲသောက်ပွဲ ကျင်းပကြသည်၊၊ ရှောင်းကျန့် ၏ သံအမတ်က ကျန်းရီရှင်း ဖြစ်သည်၊၊

ကျန်းရီရှင်း သည် ရုပ်ရည်ချောရုံသာမက သူ့၏ ပါးချိုင့်လေး နဲ့ အပြုံးချိုချိုလေးကြောင့် အပြုံးမင်းသား လေးဟု တင်စားကြသည်၊၊ ကျန်းရိရှင်းက ရှောင်းကျန့် ၏ ကစားဖော်၊ ကစားဖက်ကြီးလည်း ဖြစ်သည်၊၊

" ကျွန်တော်တို့ နိုင်ငံနဲ့ မဟာမိတ် ဖွဲ့ပေးတဲ့ ဧကရာဇ် ရှောင်း ကို အထူးပဲ ကျေးဇူးတင်ပါတယ် ၊၊ သတင်းကြားထားတဲ့ အတိုင်း ဧကရာဇ် ရှောင်းက သိပ်ကို ပြီးပြည့်စုံတဲ့ ယောက်ျား တစ်ယောက်ပါပဲ "

" မြှောက်လွန်းအားကြီးနေပါပြီ ဟက် "

ရှောင်းကျန့် က သေရည်ခွက်ကို မော့သောက်လိုက်သည်၊၊

"ဧကရာဇ်  ရဲ့ မိဖုရား ကိုလည်း မတွေ့ရပါလား "

လီမင်ဟို က ဒီနိုင်ငံ၏ မိဖုရားကို သိပ်သိချင်ပါသည်၊၊ ရှောင်းကျန့် လို ခပ်မိုက်မိုက် ယောက်ျား တစ်ယောက်မှာ သိပ်ကို လှပတဲ့ မိဖုရား တစ်ပါး ရှိလိမ့်မည်ဟု သူက ထင်မှတ်ထားသည်၊၊

" ငါ ကိုယ်တော် ရဲ့ မိဖုရား က ကိုယ်ဝန်ကြောင့် အဆောင်တော်မှာပဲ အနားယူနေပါတယ် "

" ဒါဆို ဂုဏ်ယူ ဝမ်းမြောက်ကြောင်းပါ ဧကရာဇ် ၊၊ မကြာခင် ဒီနိုင်ငံမှာ နန်းသွေး ရတော့မှာ သတင်းကောင်းပါပဲ "

" ဟင်းဟင်း သံအမတ် လီက ရုပ်ရည် မှာ သာရုံမကဘူး စကားပြောကလည်း သူ့တစ်ပါး နားချိုအောင် ပြောတတ်တာပဲ "

ဧကရာဇ်ရဲ့  မူပိုင်လူ [[ Completed  ]]Where stories live. Discover now