အပိုင်း(၁၇)

3.4K 352 16
                                    

Zawgyi

အပိုင်း(၁၇) ချစ်နေ့စွဲရက်များ

" အရှင် "

" အခြေအနေ ဘယ်လိုလဲ "

" ပထမအခါတော့ ကျွန်တော် တို့ ဘက်က အားသာခဲ့ပါတယ် အရှင် "

" ကောင်းပြီ ၊၊ တာဝန်ကျေပါတယ် "

" ဟုတ်ကဲ့ "

ရှောင်းကျန့် ရဲ့ မျက်နှာက အပြုံးတွေက ပကတိ ဖြူစင်သော အပြုံးတွေ၊ တိုင်းပြည် ဘုရင် တစ်ပါးအနေနဲ့ သူ့အတွက် ဒါဟာ ကြီးမားသော ပျော်ရွှင်မှု၊ အောင်မြင်မှု တစ်ခုပါ၊၊

အဆောင်အပြင်ကနေ သားချော့သံလေးက ကြားသူ ရင်ထဲဝယ် ကြည်နူးရိပ်လေး သန်းစေသည်၊၊

" ကျွတ် ကျွတ် "

ရိပေါ် က အတွေ့အကြုံ မရှိသဖြင့် ကလေးထိန်းရတာ သူ့အတွက်မလွယ်လှပေ၊၊ နို့ထိန်း လက်ထဲ ထည့်ရအောင်လည်း သားနဲ့ သူ့ကြားက ချစ်ခြင်းမေတ္တာ လျော့နည်းသွားမှာ စိုးထိတ်မိပါသည်၊၊ သေးသေးငယ်ငယ် သားလေးကို တစ်ပါးသူလက်ထဲ ကြီးပြင်းလာတာမျိုး မလိုချင်၍ ရိပေါ် ကိုယ်တိုင်ထိန်းကျောင်းသည်၊၊

" သားရယ် တိတ်ပါ အိုး.. ကျွတ် ကျွတ် "

ပွေ့ချီလျက်သား သားကိုယ်လေးကို ပုတ်ပေးရင် သိပ်လိုက်သည်၊၊ ပါးဖောင်းဖောင်းလေးနဲ့ သားက သူ့အတွက် ချစ်မဝ ဆည်းလည်းသံလေး၊၊

" ဝမ် "

" ကျန့် "

ရိပေါ် က သူ့၏ ယောက်ျား ကို မြင်လိုက်ရတာနဲ့ ပြုံးမိတော့သည်၊၊

" သားက မအိပ်ဘူးလား "

" ဟုတ်တယ် ကျန့်ရယ်၊၊ ချော့တာလည်း မရဘူး၊၊ မအိပ်ဘဲ ဟိုကြည့် ဒီကြည့် နဲ့ မျက်စိ ကစားနေတာ "

" သား မအိပ်ချင်မှတော့ သားကို မြူရမှာပေါ့ "

" ကျန့် လုပ်ကြည့်လေ "

ရှောင်းကျန့် ကသားလေးကို ငုံ့ကြည့်နေရာကနေ ရိပေါ် ကို မော့ကြည့်မိတော့ သူသိပ်နှစ်သက်တဲ့ အပြုံးလေးနဲ့ ရိပေါ် က ပြန်ကြည့်သည်၊၊

" အဲ အဲ "

ရှောင်းကျန့် လက်ချောင်းတွေထဲက သား ပုစိလေး၏ လက်က တလှုပ်လှုပ်နဲ့ အသံပေးတော့သည်၊၊

ဧကရာဇ်ရဲ့  မူပိုင်လူ [[ Completed  ]]Where stories live. Discover now