အပိုင်း ၁၉

3.8K 327 19
                                    

Zawgyi

ဝမ်ရိပေါ် က စိတ်ဆိုးဆိုး နဲ့ သားကို ပွေ့ချီကာ သူမိဘတွေ နေရပ်ဆီ ထွက်လာသည်၊၊ ဖေဖေကတော့ ဆူပါသည်၊၊ အရက်မူးလို့ ပေါက်ကရ ပြောတာနေမှာပါတဲ့၊၊ ကြားလို့ ကောင်းကြသေးရဲ့လား၊၊ ကိုယ့်သား အတွက် စိတ်မပူဘဲ  ရှောင်းကျန့် ဘက် ဘက်လိုက်နေသော မွေးဖခင်ကြီးကို စိတ်သာ ဆိုးမိလိုက်တော့သည်၊၊ ကိုယ့်သား နုနုထွက်ထွက်လေးကို အပြစ်ပဲ တင်နေပြီး အညိုကောင်ကြီးကိုကျ ဘာလုပ်လုပ် အကောင်းမြင်နေတော့ ဝမ်ရိပေါ် ဆွေ့ဆွေ့ခုန်မိတော့သည်၊၊ ရှောင်းကျန့် ဆိုတဲ့ ယောက်ျား က သောက်ကျင့်ကို မကောင်းဘူး၊၊

ရိပေါ် က သားငယ်လေးကို ချော့မြူနေတုန်း မေမေက ရိပေါ် အနား ထိုင်ကာ သက်ပြင်းတွေ ချနေလေသည်၊၊

" ဘာတွေ ပူပန်စရာ ရှိနေလို့လဲ မေမေ "

" သား ဒီမှာပဲ နေဖို့ အတည် ဆုံးဖြတ်လိုက်ပြီလား "

" ဘာဖြစ်လို့လဲ မေမေ၊၊ ကိုယ့်သားကို ကျွေးဖို့ ဆန်မရှိတော့လို့လား "

" အမလေး မင်းမှာ လင်ကြီး ငုတ်တုတ် ရှိနေတာ အသက်ကြီးတဲ့ ဒီမအေကို နှိပ်စက်ဖို့ပဲ တွေးနေသလား "

" မေမေ နော် မသိရင် သားကပဲ အမေတို့ကို ဒုက္ခ တွေ သယ်လာပေးတဲ့ သားဆိုး ၊ သားမိုက် ဖြစ်နေပါပြီ "

ဝမ်ရိပေါ် က ငူငူစူစူ ပြန်ပြော ရင်း စိတ်ထဲက လည်း မကျေနပ်ဘူး၊၊ ရှောင်းကျန့် ဆိုတဲ့ ကောင်က အခုထိ သူ့ကို လာမချော့သေးဘူး၊၊ ဒါ တကယ်ပဲ ဝမ်ရိပေါ် နဲ့ သူနဲ့ ဝေးဖို့ နီးစပ်လာပြီလား၊၊

ဝမ်ရိပေါ် အစ်ကို ဝမ်ကျိုးချန် ကလည်း ဟိုက်ခွမ်း အစ်ကိုကြီး နှင့် မင်္ဂလာ ကတိဝတ် ပြုတော့မှာ ဖြစ်သည် ၊၊ ရိပေါ် ကတော့ ကလေး တစ်ယောက်နဲ့ ယောက်ျား ဖြစ်သူ အိမ်က ဆင်းလာခဲ့သူ ဖြစ်သည်၊၊ ရိပေါ် က သား ကြီးရင် ရသင့်ရထိုက်တဲ့ အမွေကို ရှောင်းကျန့် ဆီ သွားတောင်းခိုင်းမှာ၊၊ ဝမ်ရိပေါ် လည်း နစ်နာတာပဲ၊၊

တောင်သခင်ဝမ်လူကြီးမင်း အိမ်က ရဲရဲနီနေသည်၊၊ အစေခံတွေကလည်း မနားရဘဲ ဟိုပတ်ဒီပတ် အလုပ်လုပ်နေရသည်၊၊ သခင်ကြီးဝမ်၏ အကြီးဆုံး သား ဝမ်ကျိုးချန် လက်ထပ်ပွဲ အတွက် ပြင်ဆင်နေခြင်း ဖြစ်သည်၊၊ ဝမ်ရိပေါ် ကတော့ အစားအသောက် တွေနား ရစ်သီရစ်သီ ကပ်ကာ စားနေတော့သည်၊၊ သားလေးက သူ့ အဖွားလက်ထဲမှာမို့ ရိပေါ် အခုချိန် နားနေရသည်၊၊

ဧကရာဇ်ရဲ့  မူပိုင်လူ [[ Completed  ]]Where stories live. Discover now