အပိုင်း(၁၁)

4.3K 448 23
                                    


Zawgyi

အပိုင်း(၁၁) အချစ်ည

ရှောင်းကျန့် သတိရလာပြီဆို၍ အကုန်ဝမ်းသာနေကြသည်၊၊ ရှောင်းကျန့် အိမ်တော်က လူတွေကပဲ ရှောင်းကျန့် နေမကောင်းတာ သိကြသည်၊၊ နန်းတွင်းက မှူးမတ်တွေကျ ရိပေါ် က လိမ်ထား၍ မသိကြ၊၊ ဒါကလည်း အန္တရာယ်ကင်းဖို့ လှည့်စားလိုက်ရတာပါ၊၊

" ဆန်ပြုတ်ကြီးလား၊၊ မသောက်ချင်ဘူး "

" ရော် မင်းက အခုမှ နေပြန်ကောင်းလာတာလေ၊၊ ဆရာတူ အစ်ကို ပြောသွားတာမကြားဘူးလား၊၊ အရှင်း မပျောက်သေးလို့ အစာမာတွေ မစားရဘူး၊၊ အမြဲ နားနားနေနေ နေရမှာတဲ့၊၊ အဆိပ်မိပြီး သေသွားရင် ကျွန်တော် က ပျော်နေမယ် ထင်နေလား "

ခပ်ဆတ်ဆတ် ဒေါသသံတွေနဲ့ ရိပေါ် က ပြောလိုက်သည်၊၊

" ဝမ် စိတ်မဆိုးပါနဲ့၊၊ စားမယ်နော် အာ ခွံကျွေး အာ "

ပါးစပ်ကြီးဟကာ အတင်းခွံခိုင်းနေတဲ့ ရှောင်းကျန့် က ကလေးဆိုးကြီး၊၊

" ကလေးကျနေတာပဲ "

" ဝမိ အတွက်ဆို ကလေး လဲ ဖြစ်ပေးနိုင်တယ် "

" ဒါဆို မင်း အောက်ကနေပေး "

" ဟာ ဒါတော့ ဘယ်ရမလဲ၊၊ ကိုယ်က အယ်ဖောလ် လေ "

" ဟားဟား ဒါလေး ပြောတာကို ရှုံတွ မနေစမ်းပါနဲ့ "

ရှောင်းကျန့် ရဲ့ မျက်ခွက်က ဘယ်လိုပြောရပါ့၊၊ ရိပေါ် ကတော့ တဟိဟိ သဘောကျနေသည်၊၊

ဖန်ရှင်း ပျင်းပျင်းနှင့် လျှောက်လာရင်း  ယွီပင်းဆိုတဲ့ လူကြီးကို မြင်လိုက်သည်၊၊ နည်းနည်း စပ်စုဖို့ သူ့အနား သွားအော်လိုက်သည်၊၊

" ဟေ့လူကြီး "

" အင်း ပြော "

" ဘာထိုင်လုပ်နေတာလဲ "

" ဖင်နာလို့ "

" ဘယ်လို "

ပြူးထွက်လာတဲ့ ဖန်ရှင်း မျက်လုံးတွေ၊၊ ဖင်နာတယ်ဆိုတော့ တော်ရုံ မဟုတ်ဘူးပဲ၊၊ ဧကန္တ ... ဖန်ရှင်း က ခေါင်းကို ဘယ်ညာ ယမ်းခါ လိုက်သည်၊၊ တစ်ဆိတ်ထဲ ဘွတ်ဘွတ်ရှင်းရှင်း ပြောထွက်တဲ့ ဒီလူကြီး ဇတ်ပိုးကို ချချင်နေတော့သည်၊၊

ဧကရာဇ်ရဲ့  မူပိုင်လူ [[ Completed  ]]Where stories live. Discover now