အပိုင်း(၁၆)

3.7K 376 9
                                    

Zawgyi

အပိုင်း(၁၆) ကလေးမွေးပြီ

ဝမ်ရိပေါ် ဟာ ကိုယ်ဝန် ငါးလ ရောက်နေတော့ ဗိုက်က မသိမသာ စူနေပြီး အစားလည်း အရမ်း ကြီးလာသည်၊၊ အစပ်တွေ တအား စားချင်နေတဲ့ ဗိုက်ပူလေးပါပဲ၊၊

" မဖြစ်ပါဘူး ကြင်ယာတော် အစပ်တွေ မစားရဘူးလို့ အရှင် က မှာထားပါတယ် "

" အပြစ်ဒဏ်ခံချင်နေတာလား ငါ့အမိန့် မနာခံတာ "

ဝမ်ရိပေါ် အသံက မာဆတ်ပြီး ဒေါသလဲ ထွက်နေသည်၊၊ဘာစားစား ကန့်ကွက်ခံနေရတော့ လူက စိတ်မကြည်ချင်တော့ပေ၊၊

" သတ်ချင်လည်း သတ်လိုက်ပါ ကြင်ယာတော် "

ဒူးထောက်ကာ ခေါင်းငုံ့နေတဲ့ အထိန်းတော်ကြီးတောင် ရိပေါ် က ငိုလည်း ငိုချင်လာသည်၊၊

" အီး ဟီး ဟီး ဟင့် "

" ကြင်ယာတော် မငိုပါနဲ့ "

ထငိုတဲ့ ဝမ်ရိပေါ် ဟာ တကယ် ကလေး အတိုင်းပဲ၊၊ အထိန်းတော် ကြီးလည်း ပျာယာခတ်နေသည်၊၊

" ဝမ် ဘာဖြစ်တာလဲ ကိုယ့် အချစ်ကို ဘယ်သူက ငိုအောင် လုပ်ရဲတာလဲ "

ငိုနေတဲ့ ရိပေါ် ကို ထွေးပွေု့ ပြီး ရှောင်းကျန့် က သူ့၏ အိမ်တော်ထိန်းကို ကြည့်လိုက်သည်၊၊

" ကြင်ယာတော်လေးက အစပ်စားချင်နေတယ်တဲ့ အရှင် "

ရှောင်းကျန့် က သက်ပြင်း ချပြီး အထိန်းတော် ကို ထွက်သွားဖို့ မျက်စပစ်လိုက်သည်၊၊ ဒီ ဗိုက်ပူလေးကို ချော့ရဦးမည်၊၊

" ဝမ် အစပ်စားရင် ဗိုက်ထဲက ကလေးလေးက ထွက်လာရင် ရုပ်ဆိုးပန်းဆိုး ဖြစ်မှာပေါ့ "

" ဟင် "

" ဟုတ်တယ်၊၊ ကိုယ့်တို့ ကလေးလေး ရုပ်မဆိုးရအောင် အစပ်တွေ မစားနဲ့နော် ဝမ် "

ဝမ်ရိပေါ် က ရှောင်းကျန့် စကားကြောင့် ခေါင်းညိတ်ပြီး သူ့ ဗိုက်လေးပေါ် လက်တင်ထားလိုက်သည်၊၊

" ငါ့ကလေးလေးကို ရုပ်ဆိုးရအောင် မလုပ်ချင်ပါဘူး၊၊ ကျန့် နဲ့ တူတဲ့ ချောချောမောမော လေးပဲ လိုချင်တာ "

" ကိုယ်ကတော့ ဝမ် နဲ့ တူတဲ့ ချစ်စရာကောင်းတဲ့ ကလေးလေးဆို သိပ်ပျော်မိမှာ "

ဧကရာဇ်ရဲ့  မူပိုင်လူ [[ Completed  ]]Where stories live. Discover now