အပိုင္း(၇)

4.9K 509 47
                                    

Unicode

        အပိုင်း(၇) ရင်တွင်းမေတ္တာ

အိမ်ရှေ့စံရဲ့ နန်းတက်ပွဲက အလွန်စည်ကားသည်၊၊ အိမ်ရှေ့စံရဲ့ စွမ်းရည်ကို အတော်များများ ယုံကြည်ကြသဖြင့် လေးလဲလေးစားကြသည်၊၊ အားလုံးသောသူတွေ ပျော်နေတဲ့ အထဲမှာ သူကြင်ယာတော်လေးကလဲ ဖောဖောသီသီ အပြုံးတွေ စွန့်ကြဲနေတယ်၊၊ အားလုံးထဲမှာ အဖြူရောင် ပိုးသား ဝတ်ရုံနဲ့ ကြင်ယာတော်ချောလေးက သိပ်တောက်ပနေသည်၊၊

" ဧကရာဇ် ကို ဂါရဝပြုပါတယ် "

" မလိုပါဘူး ဝမ် "

" ဘာလို့လဲ ဧကရာဇ် "

" ဝမ်က ကိုယ့် ဘဝရဲ့ ပဲ့ကိုင်ရှင်ဖြစ်နေလို့ပေါ့ "

ရှောင်းကျန့် စကားကြောင့် ရိပေါ် သဘောကျစွာ တဟက်ဟက် ရယ်မိတော့သည်၊၊ အနီရောင် ဇာမဏီ နဂါး ဝတ်ရုံနဲ့ သူ့ရဲ့ ယောကျ်ားက သိပ်ကို ခန့်ညားတောက်ပနေတဲ့ ပြည့်ရှင်ဧကရာဇ် တစ်ပါးအလားပါပဲ၊၊

" ဝမ် ကိုယ် ကတိပြုပါတယ်၊၊ ဒီလောကမှာ ဝမ်ကို အပျော်ရွှင်ရဆုံး လူသား အဖြစ် ထားမယ်၊၊ ဒါက ဧကရာဇ် တစ်ပါးရဲ့ သစ္စာ ပါ "

ဝမ်ရိပေါ် ရဲ့ လက်ချောင်းသွယ်သွယ်လေးကို ရှောင်းကျန့် က မွှေးကြူရင်း စကားဆိုသည်၊၊

" ဧကရာဇ် ကို ယုံလိုက်မယ်နော် "

" ယုံအောင် ဘယ်လို သက်သေပြရမလဲ၊၊ ဒါမှမဟုတ် နန်းဆက်လေးတွေ ရလာမှ ယုံမှာလား "

" မင်း... ဒါပဲ တွေးနေတာလား၊၊ လူကဖြင့် အခုမှ တိုင်းပြည် ဘုရင် ဖြစ်တယ်၊၊ စိတ်ဓာတ်ကတော့ မထင်ရအောင်ကို ညစ်ပတ်လိုက်တာ "

" ဝမ် နဲ့ကျမှ ကိုယ်က ညစ်တတ်လာတာ "

သူက ဝမ်ရိပေါ် လေးကို ဆွဲဖက်ကာ ပြောတော့ ရိပေါ် က မနာအောင် သူ့ရင်ဘတ်ကို ထုပစ်လိုက်တယ်၊၊ ရှောင်းကျန့် က တဟင်းဟင်း ရယ်သည်၊၊

"တကယ်ပဲ ဆုံးဖြတ်ချက်ကို မပြင်တော့ဘူးလား ခမည်းတော် "

ရှောင်းကျန့် ကို နန်းတင်ပြီး သူ့ ဖေဖေက မေမေရဲ့ မွေးရပ်မြေကို သွားမယ်တဲ့လား၊၊ အရင်က ရှောင်းကျန့် သတိမထားခဲ့မိဘူး၊၊ သေချာကြည့်မှ ဖေဖေက ပါးရေတွန့်ပြီး ဆံတွေ ဖြူနေပြီ၊၊ ဇရာကို လွန်ဆန်နိုင်သူ မရှိပါဘူး၊၊

ဧကရာဇ်ရဲ့  မူပိုင်လူ [[ Completed  ]]Where stories live. Discover now