အပိုင္း(၂)

6.5K 718 79
                                    

Unicode
        

               အပိုင်း(၂) လက်ဆောင်

ဝမ်ရိပေါ် ဟာ အိမ်ပြန်ရောက်တာနဲ့ ဖေဖေရဲ့ ဆူပူ မှုကို ခံလိုက်ရသည်၊၊  အဆူခံရရုံသာမက အပြစ်ပေးလဲ ခံလိုက်ရသည်၊၊ ဖေဖေက စိတ်ဆိုးရင်တောင် ရိုက်နှက်မဆုံးမတတ်၊၊ ထိုင်ထအခါ တစ်ရာပဲ လုပ်ခိုင်းသည်၊၊

" ဖေကြီး စိတ်လျော့ပါ၊၊သားလေးလဲ ညောင်းနေပါရော့မယ် "

" ရှင်မ သားက မလိမ္မာလို့ ကိုယ် ဆုံးမရတာပါ၊၊ omega တစ်ယောက်ဖြစ်ပြီး လျှောက်သွားနေတာ မဖြစ်သင့်ဘူး "

" ဖေကြီး က အမြဲ ထိုင်ထ လုပ်ခိုင်းနေမှတော့ သားက ယောကျ်ား လေးတန်မဲ့ ကိုယ်လုံးကိုယ်ပေါက်လှနေပြီ "

ဟုတ်ပါသည်... သားလေးရဲ့ ကိုယ်လုံးက်ုယ်ပေါက်က ပြေပြစ်ပြီး ခါးသွယ်ပြီး တင်ပါးလှလှလေးကို ပိုင်ဆိုင်ထားသည်၊၊ ဖြူအု နုဖက်နေတဲ့ သားက ဒီလိုကောက်ကြောင်းအလှလေးနဲ့ဆို ပို၍ပင် မက်မောယစ်မူးဖွယ် လှတယ်ဆိုတာထက် ပိုလှနေသယောင်၊၊

" ရိပေါ် ဒီလာဦး "

ဖေဖေခေါ်တော့ ရိပေါ် လဲ ဝတ်ရုံစလေးကို အတန်ငယ် မကာ အနားသွားရပ်လိုက်သည်၊၊စိတ်ဆိုးလဲ ခဏပဲ ကြာတဲ့ သူ့ဖေဖေ၊၊

" ဘယ်တွေသွားနေတာလဲ "

" ဒီနားလေးပါပဲ ၊၊ သားပျင်းလို့ပါ "

" သားက အခုမှ ၁၈စွန်းစွန်း ရှိသေးတာ အပြင်တွေ လျှောက်သွားရင် မကောင်းတဲ့သူနဲ့ တွေ့သွားမှာပေါ့ "

" သားလဲ သိုင်းပညာတတ်တယ် "

ဝမ်လျင်က သက်ပြင်းချရုံမှ ခေါင်းမာတဲ့သားကိုမနိုင်၊ အကြီးတောင် ပါရမီဖြည့်ဖက်တွေ့သွားလို့ပါ ပါးစပ်ငြိမ်နေတာ၊၊ လူပျိုပေါက်တုန်းက ထိန်းမနိုင်၊ သိမ်းမနိုင် မျောက်လောင်းတွေ၊၊

" သွားတော့ "

ရိပေါ် က မေမေပါးကို ရွှတ်ကနဲနမ်းပြီး ပြေးထွက်သွားသည်၊၊ဖေဖေတော့ မနမ်းရဲဘူး၊၊ စိတ်တိုနေတဲ့အချိန်ဆို ဝမ်ရိပေါ် တို့က သိပ်သိပ်ကြောက်၊၊

ကုတင်ပေါ်မှာ ထိုင်ပြီး စောနက ထိုင်ထလုပ်ခဲ့ရ၍ ခြေထောက်တွေ ထုံနေသည်၊၊ တဆက်ထဲ ဟို လူဆိုးကြီးကိုပါ သတိရသွားသည်၊၊ သိပ်လက်ရဲတဲ့လူကြီး၊၊ သူ့ရဲ့ omega တစ်ယောက်လုပ်ဖို့ တောင်းဆိုရဲသေးတယ်၊၊

ဧကရာဇ်ရဲ့  မူပိုင်လူ [[ Completed  ]]Where stories live. Discover now