𝑷𝒂𝒓𝒕 1

20.3K 883 42
                                    

Wang Yibo Intro
Chinaရှိ အရှိန်အဝါကြီးသောWangမိသားစုမှ
တစ်ဦးတည်းသော ဆိုးပေတေသားငယ်လေး။
အသက်၁၆နှစ်အရွယ် အထက်တန်းကျောင်းသား။

Xiao Zhan Intro
Chinaက သြဇာအလွန်ကြီးတဲ့ Xiaoဝန်ကြီးမိသားစုမှ တစ်ဦးတည်းသောသား။
အသက်၂၈နှစ်အရွယ် ဝန်ကြီးသား စီးပွားရေးလောကထဲအအောင်မြင်ဆုံးကြယ်ပွင့်။

**********

"အကိုကြီး သားကိုဒါလေးတစ်ဘူး"

ဆိုင်တွဲဘီးလေးနဲ့ရောင်းတဲ့ ဆိုင်လေးတစ်ဆိုင်ဟာ
ဝမ်ရိပေါ် ကျောင်းပြန်တိုင်း အမြဲဝယ်စားတဲ့ဆိုင်ငယ်လေး။
ဒီနေ့လည်း သူငယ်ချင်းနှစ်ယောက်နဲ့အတူ
ကျောင်းပြန်ရင်း ဝယ်စားသည်။

ရင်းနှီးနေပြီဖြစ်သည့် ကလေးကို ဆိုင်ရှင်မှပြုံးပြရင်း
ဗူးလေးဖြင့် လှပသေသပ်စွာ ထုတ်ပိုးထားသော စတော်ဘယ်ရီဘူးကို လှမ်းပေးလိုက်သည်။

"ဝမ်ပေါက်စ ဒီနားမှာခဏနေဦး ငါတို့ဟိုရှေ့ကဆိုင်ထဲ ခနဝင်ဦးမယ် လျှောက်မသွားနဲ့ ကြားလား"
မျက်နှာချင်းဆိုင်က အရုပ်တွေရောင်းသည့် Storeဆိုင်လေးကို လက်ညိုးထိုးရင်း ဝမ်ပေါက်စကိုသူငယ်ချင်းဖြစ်သူမှ မှာနေလေသည်။

"အေးပါ ယွီပင်းရာ သွားစရာရှိမြန်မြန်သွား အိမ်ပြန်နောက်ကျရင် မားဆူလိမ့်မယ်"

"ဟိတ်ကောင် ပြောထားပြီးသားနော် လျှောက်မသွားရဘူး ဒီမှာပဲရပ်နေ"

နောက်လှည့်နောက်လှည့်နှင့်ပြောပြီး
သူငယ်ချင်းနှစ်ယောက် ဆိုင်ထဲ ပြေးဝင်လိုက်သည်။

"အကိုကြီး သားဒီပေါ်မှာခဏထိုင်မယ်နော် ဟီးဟီး"

ဆိုင်ရှင်အကိုရဲ့တွန်းလှည်းလေးကခုံလေးကို ပုတ်ပြရင်းပြောတော့
ချိုသာစွာပြုံးပြ၍ခေါင်းညိတ်ပြသည်။
ထိုင်နေရင်းက ဗူးလေးဖွင့်ပြီး အသီးတွေကိုစားကာ ခြေထောက်လှုပ်ကစားနေသေးသည်။
ဒါကိုတစ်ထောင့်တစ်နေရာက ပြုံးပြီးကြည့်နေသည့် လူတစ်ယောက်ကိုတော့ ဝမ်ပေါက်စမမြင်ပေ။

"လူကြီးမင်း ဘာအလိုရှိလို့လဲခင်ဗျ"

အနောက်တိုင်းဝတ်စုံနှင့်ကျော့မော့ခန့်ညားသောလူကြီးမှ
ဆိုင်ရှေ့လာရပ်သည်မို့ ဆိုင်ရှင်အယဉ်ကျေးဆုံး မေးလိုက်သည်။
စီးပွားရေးလောကမှာ နာမည်ကြီးသလို ဝန်ကြီးသားလည်းဖြစ်သည့် Xiao Zhanဆိုတာသိနေတယ်မလား။

A Little Boy's  DaddyDonde viven las historias. Descúbrelo ahora