"ပိုင် ကတော့ အဖြစ်ဆိုးမှန်သမျှ မေ့ပစ်လိုက်ပြီး စိတ်ကူးလှလှတွေနဲ့ ငယ်ဘဝကို အစားထိုးနေတာပဲ။ ပိုင် စိတ်ကူး ယဉ်ရတာကိုကြိုက်တယ်။ ငယ်ငယ်ကတည်းက ကြိုက်ခဲ့တာပဲ။ စိတ်ကူးထဲ ပျော်မွေ့နေနိုင်တာကိုက ပိုင့်ဘဝရဲ့ အနှစ်သာရပဲလို့ ယုံကြည်တယ်။ ဘာလို့ဆို ပိုင် စိတ်ကူးယဉ်လိုက်တိုင်း အမြဲ အပျင်းပြေပျော်ရွှင်နေရတာပဲလေ။ လက်တွေ့ဆိုတာကြီးကို မျက်စိမှိတ်ပြီး လိမ်တတ်ဖို့ လူတိုင်းရဲ့ဦးနှောက်က တတ်နိုင်ပြီးသားပဲ။ စိတ်ကူးယဉ်တာထက် ပိုဇိမ်ကျတဲ့ အရာရှိပါတော့မလား ... ပြီးတော့ ပိုင်ဟာ ဘဝကို ပုံပြင်လုပ်ပြောရတာ သိပ်ကြိုက်တယ် ..." -ချစ်ခင်လေးစားလျက် Six