26

692 91 15
                                    

"ဆေးတွေမှန်တာသေချာလား..."

"ဟုတ်ကဲ့..."

'Beezz..'

ဆရာမလီကိုမှတ်တမ်းတွေပေးနေတုန်း အိတ်ကပ်ထဲမှတုန်ခါလာတဲ့ဖုန်းလေး။
ထုတ်ကြည့်လိုက်တဲ့အခါ​တွေ့​နေကြအစိမ်း​ရောင်နှလုံးသား​လေးဖြစ်​နေပါတယ်။
အပြုံး​တွေဖြစ်တည်သွားတာနဲ့ထပ်တူကြည်နူးသွားရတယ်။

ဒါ​ကြောင့်ဆရာမကိုခဏခွင့်တောင်းရင်း အခန်းထောင့်နားကပ်လို့ အစိမ်းရောင်ခလုတ်လေးကိုနှိပ်လိုက်တယ်။

"ဝေ..ရိပေါ်"

*ကျန့်ကော...မဆင်းသေးဘူးလား*

"ပြီးတော့မယ်...ရိပေါ်လေးစောင့်နေတာလား"

*အင်း..*

"ကိုယ်ပြောသားပဲစောင့်မနေပါနဲ့တော့ဆို...ခြင်တွေကိုက်ကုန်ပြီထင်ပါရဲ့"

*မကိုက်ပါဘူး*

"ပြောတာပဲ ပြီးရင် အသားဖွေးဖွေးလေးမှာအနီစက်တွေကြီးပဲ"

သူကဆူသံပြုတော့တစ်ဖက်ကရယ်သံခပ်ဟဟလေးထွက်လာပါတယ်။

*ဒီနေ့မရှိစေရဘူးဗျာ...ဟုတ်ပြီလား အမြန်တော့လုပ်နော်*

"အင်း...အမြန်လုပ်လိုက်မယ်"

ဖုန်းလေးကိုအသာချပြီး​​ ထပ်တူလိုက်ချမိတာကသက်ပြင်းတွေပါပဲ။
ဘဝ​တွေက သိပ်မလှပခဲ့ဘူး။ ဒီနေ့ နှလုံးသားလမ်း​ကြောင်းမှာကျွန်းခံနေတယ်ထင်တယ်။

ရိပေါ်လေးကစောင့်နေပြီ...ဒါ​ပေမဲ့တစ်ဖက်မှာလည်းအခုထိ ဆရာမလီကမဆင်းပေးသေးဘူး။​ သူလည်းပြန်ချင်လှပြီ။ အချစ်ရဲ့ရင်ခွင်မှာခိုနားချင်လှပြီ​လေ။

သြော်...အပျိုကြီးတွေများ သူများချစ်သူတွေရဲ့ဘဝကို နားမလည်ပါလားနော်

​ရှောင်းကျန့်ခပ်ချဥ်ချဥ်​တောင်​တွေးမိလိုက်တဲ့အထိပါရယ်။

"ဘယ်သူလဲ.."

ဖုန်းကိုအိတ်ထဲပြန်ထည့်ရင်း စားပွဲမှာဝင်ထိုင်တုန်း သူ့ကိုမကြည့်ဘဲ
စာအုပ်ကိုဖတ်ရင်းမေးလာတဲ့ ဆရာမလီ။

​ရှောင်းကျန့်တခဏ​ကြောင်ကြည့်မိသွားပါတယ်။

အင်း...ဘယ်လိုပြောလိုက်ရမလဲ။ ချစ်သူလို့ပြောရင် စာကြမရဘူး
ချစ်သူကြထားချင်တယ်ပြောဦးမလား။ ရှောင်းကျန့်ရဲ့ဘဝဟာ အလုပ်ရမှ ကျောင်းသားပေါက်စလေးလို ဆူခံထိနေပါတော့တယ်။

Dear My Life...Where stories live. Discover now