"ပြောရမယ်ဆိုကွာ...ထမင်းဆိုတာက လူ့ခန္ဓာကိုယ်အတွက်ခွန်အားအဖြစ်စေဆုံးမဟုတ်လား။ ဒီလိုထမင်းဖြူဖြူကို ရောဂါကာကွယ်စေတဲ့အစိမ်းအရောင်ပန်းဂေါ်ဖီရယ် ဖြူဖြူနုနုမုန်လာရွက်ရယ် ကြက်ဥ၊ မုန်လာဥနီတို့နဲ့ရောကြော်ထားတော့ ဘယ်လောက် အာဟာရရှိလိုက်မလဲ အစာအုပ်စုသုံးစုလုံးပါနေတာကွာ။ ဒီသခွားသီးသုပ်လေးကိုလည်းကြည့်ဦး...လုံးဝဝါးစရာမလိုအောင်ကိုလုပ်ထားတာ။ အဆင်သင့်ပဲ...ငါ့ရိပေါ်လေးက အရမ်းသိတတ်တာတွေ့လား"
"ဟင်း..."
အရှေ့ကပြောလည်းရမှာမဟုတ်တော့တဲ့ ရှောင်းကျန့်ကိုသူတို့ပြောမနေတော့ဘူး။
ပြုံးဖြီးရင်း သူ့ဟာသူတစ်ယောက်တည်းပြော တစ်ယောက်တည်းစားနေတဲ့ရှောင်းကျန့်ကထိန်းလို့မရတော့ပါဘူး။ဟိုကထမင်းဘူးလေးတစ်ခါလောက်လုပ်ပေးလိုက်ပါတယ်။ ဒီမှာကြွားလို့မဆုံးတော့။
ကြွားတယ်ဆိုလို့ပါလာတဲ့ဟင်းကြည့်တော့လည်း အရွက်ကြော် နောက်ပြီးပုံဖမ်းလို့မရအောင် အရိုက်ခံအဖိခံထားရတဲ့ သခွားသီးသုပ်တဲ့။ စိတ်တွေလည်းလေပါတယ်။
ဘယ်လိုမှလည်းမငြင်းတတ်တော့ပါဘူး။"မင်းတို့လုံးဝလက်ဖျားခါသွားမယ်...အင်း...အရသာလေးကလေ ဘယ်လိုပြောရမလဲ...တကယ်အရသာရှိတယ်ဟ ထိထိမိမိရှိတာသိလား။ ဒါ့ကြောင့်အမြည်းကျွေးချင်ပေမဲ့ကွာ ငါ့ဟာနဲ့ငါတောင်မလောက်နေတာမို့ မကျွေးတော့ဘူးနော်"
ကျိယန်နဲ့ကျိုးချန်တို့ကတော့ ခေါင်းတခါခါနှင့်သာ။ မကျွေးတာပဲကျေးဇူးတင်မိပါတယ်လို့ စိတ်ထဲကကြိတ်ပြောမိလိုက်ကြပါတယ်။
ရှောင်းကျန့်ကတော့ မဲ့ရွဲ့နေတဲ့ကောင်တွေရဲ့မျက်နှာကိုကြည့်ရင်း သူတို့ဘာတွေချဥ်နေကြမလဲဆိုတာခန့်မှန်းမိပေမဲ့ ဘာကိုမှဂရုမစိုက်။ မနက်ကကောင်လေးတစ်ယောက်ထမင်းဘူးလေးကို 'ကျန့်ကောအတွက်'ဆိုပြီး လက်ထဲလာထည့်ပေးသွားတာကိုပဲမြင်ယောင်နေပါတယ်။
ဘယ်လိုတောင်ချစ်ဖို့ကောင်းလိုက်သလဲ။ ရိပေါ်ကသူ့ကိုဟင်းချက်ကျွေးပါသတဲ့လေ။ကျန့်ကောကိုအိမ်ထမင်းအိမ်ဟင်းစားစေချင်လို့ပါတဲ့လေ။ ရှောင်းကျန့်မှာ ကြွေကျသွားရတာအခါခါပါပဲ။ ရှောင်းကျန့်အတွက်ရိပေါ်လုပ်ပေးတဲ့ပထမဆုံးထမင်းဘူးလေးရယ်။
YOU ARE READING
Dear My Life...
FanfictionDear My Life, I love you. By the way, I was made for loving you. This is all for now.The only thing is that I love you. With best loves. ...