21

808 101 6
                                    

ထင်မှတ်မထားလောက်အောင် ပျော်ရွှင်ခဲ့ရတဲ့ ခရစ္စမတ်ကာလ။
အံ့ဩစရာတွေ ထိတ်လန့်စရာတွေမျိုးစုံဖြစ်ပျက်စေခဲ့တဲ့ ဤချုံချင်းမြို့ကိုအခုတစ်ဖန်နှုတ်ဆက်ရပြန်ပြီ။

ပြတင်းပေါက်ကနေငုံ့ကြည့်ရင်း မီးရောင်တွေနဲ့လှနေတဲ့ ချုံချင်းမြို့ကြီးကို စိတ်ထဲတစ်သက်ဆွဲအောင်မှတ်ထားဖြစ်လိုက်တယ်။
ရိပေါ်တို့ရဲ့ ရာဇဝင်တွေကိုလှစေခဲ့တဲ့ ချုံချင်းမို့။

ချုံချင်းမြို့ကြီးကိုကျော်လွန်သွားပြီး တိမ်လွှာတို့သာမြင်ရတဲ့ အချိန်ကိုရောက်တဲ့အခါ မထူးဆန်းတော့မယ့်မြင်ကွင်းကို ဆက်မကြည့်ချင်တော့တာကြောင့်ပြတင်းပေါက်တံခါးကိုပိတ်လိုက်တယ်။

တိမ်ထူထူတွေကိုငြီးငွေ့ဖွယ်ကြည့်နေမယ့်အစား ကြည်သာစွာအိပ်စက်အနားယူနေတဲ့ ချစ်ရသူကျန့်ကောရဲ့ မျက်နှာနုနုလေးကိုပဲ ငေး​နေချင်ပါတယ်။

ငေးရင်းမှ အနည်းငယ်ကျန်နေသေးသော အညိုရောင်အကွက်လေး​​​တွေကို မြင်ရတဲ့အခါလည်း ရင်ထဲကဆစ်ခနဲပါပဲ။

ဒါပေမဲ့ဖြေသာလာတယ်ပြောရမှာ။

ရိပေါ်ကျောင်းကသူငယ်ချင်းတစ်ယောက် တစ်နည်း ရိပေါ်နဲ့ကျန့်ကောအကြောင်းကိုသိပါတဲ့ ဟောက်ရွှမ်းဆိုသောသူငယ်ချင်းက ရိုက်ကွင်းအပြီး ထမင်းစားချိန် break timeပေးလို့အနားယူ​နေတုန်း ပို့လာတဲ့ ဓာတ်ပုံတစ်ခုကိုစစမြင်ကာစကဆို သေမလိုပဲ။

ဟောက်ရွှမ်းကမေးလာတယ်...

*ဒါ အစ်ကိုရှောင်းကျန့်မလားတဲ့*

ဟုတ်ပါတယ်လို့ သူဘယ်လိုအင်အားနဲ့ဖြေရမလဲဆိုတာ မသိခဲ့ဘူး။
အနာတရ​တွေနဲ့ ဆု​ငွေကိုလက်ခံ​နေတဲ့ကျန့်​ကော။
ဒဏ်ရာ​တွေအပြည့်နဲ့ကျန့်​ကော။

မယုံကြည်နိုင်ခြင်းများနဲ့တူတူ တကယ့်ဆူမိုနပန်းသတ်ပွဲလားမေးမိတော့ ဟောက်ရွှမ်းကဖြေတယ်။

*အေး...ရာဇူကီရဲ့စိန်ခေါ်ပွဲ*တဲ့​လေ။

စာနဲ့တူတူအနောက်မှာဗီဒီတစ်ခုပါလာလို့ ဖွင့်ကြည့်မိပြီးတဲ့နောက် ရိပေါ်ခေါင်းထဲအချက်ပေးသံတွေပေါ်လာတော့တာပဲ။

Dear My Life...Where stories live. Discover now