14

838 107 4
                                    

သူတို့ပြောတဲ့ အချစ်ကပေးဆပ်ခြင်းတဲ့။
တချို့ကြတော့လည်း ရယူခြင်းလို့ပြောကြပြန်တယ်။
ဘယ်ဟာကိုရွေးရမယ်မှန်း မသိတော့တဲ့အခါ... ကိုယ့်ဘာသာ အဆန်းထွင်လိုက်တယ်။

ကိုယ်ပြောတဲ့ အချစ်က​တော့ ချစ်နေခြင်းရိပေါ်ရဲ့။ အတူတကွချစ်နေကြခြင်းပေါ့ကွာ။

---------------------------

"ဘာ!ကောင်းပြီ...ပြင်ထားလိုက်မယ်"

ဖုန်းကျသွားတဲ့​နောက် ​ဆရာကြီးဟာခါတိုင်းနဲ့မတူ​၊ သူတို့ရှိရာဘက်ကို တည်လွန်း​နေတဲ့မျက်နှာထားနဲ့ကြည့်လာခဲ့တယ်။

"အားလုံးပဲ...တောင်ပိုင်းက အရက်ချက်စက်ရုံပေါက်ကွဲ သွားတယ်။ ငါတို့နဲ့အနီးဆုံးမို့ လောလောဆယ် ငါတို့ဆီလူနာတွေအများကြီး ရောက်လာလိမ့်မယ်...အားလုံးအဆင်သင့်ပြင်ကြပါ"

ဆရာကြီးက​အေး​အေး​ဆေး​ဆေး​ပြောလာခဲ့သည်ဖြစ်​သော်လည်း အမိန့်သံအဆုံး၌ လူ​သစ်​လေး​တွေအားလုံးဟာ ပြာကုန်ကြပါတယ်။
ရှောင်းကျန့်လည်း အပါအဝင်ပေါ့။

သတင်းကြားကြားချင်း အရက်ချက်စက်ရုံဆိုတော့ အရမ်းပြင်း​လောက်​ကြောင်း သူသိလိုက်တယ်။

သာမန်ဆိုရင်တောင် စက်ရုံပေါက်ရင်မလွယ်တာ အရက်လိုလောင်စေ​ပေါက်​စေတတ်တဲ့ အရာတွေထုတ်တဲ့စက်ရုံဆိုရင်တော့...မ​တွေးရဲစရာ။

အားလုံးက လိုအပ်ပစ္စည်းတွေအကုန်ထုတ်ကြပြီး အ​ရေး​ပေါ်အခန်းတွေကို အဆင်သင့်ပြင်ကုန်ကြ​နေပြီ။ သက်သာ​နေပြီဖြစ်တဲ့ လူနာတစ်ချို့ကိုလည်း အခန်း​တွေ​ရွေ့​ပြောင်းကုန်ကြပြီ။

မေ့ဆေးဆရာဝန် နဲ့ သူတို့လိုအကူတစ်ချို့ကိုတော့ ခွဲခန်းတွေထဲမှာပဲ စောင့်ခိုင်းထားပါတယ်။

ရှောင်းကျန့်ဖြင့် စောင့်ရင်း ခြေဖျားလက်ဖျားတွေအေးလာတာဆိုတာ။
ပြောရမယ်ဆိုရင် ဒီလောက် ပြာတီးပြာယာနိုင်တဲ့အခြေအနေကို သူမကြုံဖူးဘူး​မို့။

ခွဲခန်းထဲ တခြားဆရာဝန်တွေရဲ့ အကူလုပ်ရင်း ဝင်ဖူးတာ ၉ကြိမ်ခန့်မျှရှိပြီဖြစ်သော်လည်း ခွဲစိတ်ခန်းဆိုတာ သူ့အတွက် ရိပေါ်​လေးလို တစ်သက်လုံးမရိုးသွား​စေနိုင်တဲ့အရာတစ်ခုပဲ။

Dear My Life...Where stories live. Discover now