4

1.4K 186 13
                                    

ပြောရမယ်ဆိုရင် သေချာပေါက်အလွဲတွေပဲပေါ့။ အလွဲများနဲ့ည ဆိုပြီးနာမည်ပေးရင်တောင် မမှားလောက်မယ့်ညတစ်ညပဲ။

သိတဲ့သူသိမှာပါ..နူးနူးညံ့ညံ့ နှုတ်ခမ်း​သေး​သေး​လေးနဲ့ နှာတံလုံးလုံး​လေးရဲ့ ထိတွေ့ခြင်းကို ခံစားလိုက်ရတဲ့သူဟာ ဘယ်နည်းနဲ့မှ စိတ်နဲ့ကိုယ်ကပ်နိုင်မှာမဟုတ်ဘူး ဆိုတဲ့အကြောင်း။ သေချာပေါက် သူလည်းဒီလိုပဲပေါ့။

ဒါကိုနားမလည်တဲ့ ကျိုးချန်က သရုပ်ပြပွဲမှာ အမှားလုပ်မိခဲ့တဲ့သူ့ကို ဆူတယ်။
သူအမှားအများကြီးမလုပ်မိခဲ့ပါဘူး ပြောရမယ့်စကားတွေ အားလုံးကိုမေ့ခဲ့မိရုံလေး။ ဒါပေမဲ့ သူပွဲပျက်အောင်တော့ မလုပ်ခဲ့ဘူးလေ ။
သူရသ​လောက် ဇာတ်​ကောင်နဲ့ ညီအောင် သရုပ်ဆောင်ခဲ့တာပဲ။

လောကကြီးကလူတွေကအဲ့လိုပဲ၊ ရှုတည်တည်နဲ့ ရည်းစားစကားပြောသွားတဲ့ ကောင်လေးလောက် ဘယ်သူကမှ အကောင်းမမြင်တတ်ကြဘူး။

သရုပ်​ဆောင်ပွဲပြီး​တဲ့နောက်​တောင် သူဟာရိ​ပေါ်ကို​ကောင်း​ကောင်း​တောင်စကားမ​ပြောရပါဘူး။ ခရား​ရေလွှတ်သလို တတွတ်တွတ်နဲ့ဆူ​နေတဲ့ ကျိုးချန်​ကြောင့် သူများမိမိအဖွဲ့မှာငြိမ်ငြိမ်​လေးထိုင်​နေခဲ့တဲ့ ရိ​ပေါ်ကိုလှမ်းကြည့်ရုံ​လေးသာတတ်နိုင်ခဲ့တယ်။
သူလည်းသူ့အမှားမို့ထိုင်နား​ထောင်​ပေးခဲ့ပါတယ်။ တကယ်မမှတ်​ပေမယ့်​ပေါ့။

ပွဲပြီးတော့ ဆုကြေငြာတဲ့အခါမှာ ပထမဆုကို သေချာပေါက် သူ့ရဲ့အသစ်စက်စက် ချစ်သူလေးပါတဲ့အဖွဲ့က ဆုရခဲ့ပါတယ်။ ရှိတာမှ အဖွဲ့ ၆ဖွဲ့တည်းကို ဒုတိယနဲ့ တတိယမှာတောင် မပါခဲ့လို့ ကျိုးချန်က ဆူပုပ်ပြီး သူ့ကိုတဂျီဂျီနဲ့ ဆူနေတာကလွဲရင် ကျန်တာအားလုံးက ကြည်နူးချင်စရာပါပဲ။

ကျိုးချန်ကိုတော့ အပြစ်မပြောနိုင်ပါဘူးလေ၊ ဒါကလည်း ကိုယ့်အမှားပဲဟာ။

"ကျန့်ကော..."

ပွဲပြီးလို့ လူတွေအားလုံးနီးပါးရှင်းသွားတော့မှ သိသိသာသာမျက်နှာရဲနေတဲ့ ရှုတည်တည်နဲ့ ကောင်လေးတစ်ယောက် ပစ္စည်းတွေသိမ်းနေတဲ့သူ့အနားကို ရောက်လို့လာတယ်။

Dear My Life...Where stories live. Discover now