"ကြည့်စမ်းပါဦး..."
"ဟီး....ဟားဟား...ကျန့်ကောကဖင်ပြောင်လေး..."
"အဲ့မယ် အရှက်ခွဲနေလိုက်ကြ"
ရှောင်းကျန့် မနိုင်တော့တဲ့ သားမက်နဲ့ယောက္ခမကိုပြောမနေတော့။
မျက်စောင်းတထိုးထိုးနဲ့ပဲ လုပ်စရာရှိတာတွေဆက်လုပ်နေလိုက်ပါတယ်။သားအမိနှစ်ယောက်တော့ ငယ်ငယ်ကသူ့ပုံတွေကိုထုတ်ကြည့်ရင်း သူ့ရဲ့ဆူပုပ်နေတဲ့အမူအရာများကိုကြည့်ရင်း တခစ်ခစ်ရယ်နေကြတာ မပြီးတော့။
ဘာများရယ်စရာပါလို့လဲနော်...တကယ်ဆို ရိပေါ်လေးက ကိုကိုကချစ်စရာကောင်းလိုက်တာဆိုပြီး သူ့အနားကပ်နေရတော့မှာ။ ခုတော့ သူဟာလူပိုသက်သက်။
"ဒါကလေ ကျန့်ကျန့်ပထမဆုံးကျောင်းတက်မယ့်နေ့မှာရိုက်ထားတာ...သူကပထမဆုံးနေ့ကျောင်းမှာလုံးဝမငိုခဲ့ဘူး သမက်လေးရဲ့"
"ပိစိလေးထဲကစာကြိုးစားချင်တာပေါ့.."
"အင်း...သူကကျောင်းသွားရမှာအရမ်းပျော်တာလေ...ဒါလေးကတော့ ပျော်ပွဲစားသွားတုန်းကရိုက်ထားတာ...ကျန်ကျန့်၁၃နှစ်လောက်ရှိပြီထင်တယ်"
"ကျွန်တော့်ကျန့်ကောက ငယ်ငယ်လေးထဲကအချောလေးပဲ"
"အေးပေါ့..ရိပေါ်ရယ်..မင်းရဲ့ကိုကိုဆိုမှတော့ အချောလေးပဲပေါ့"
နို့ဘူးကိုခလောက်ရင်း မျက်ခုံးလေးပင့်လို့ရိပေါ်ကိုပြုံးစစနဲ့လှမ်းပြောတော့
ရိပေါ်ကသွားညီညီလေးတွေပေါ်တဲ့အထိ သူ့ကိုပြုံးပြကာပြန်ကြည့်တယ်။ချစ်စရာကောင်းအောင် ရယ်တတ်လွန်းတဲ့ကလေးကြောင့် အသည်းယားမိတဲ့အခါ စိတ်မထိန်းနိုင်စရာတွေဖြစ်လာနိုင်ပါရဲ့။ မားရှိနေတာကြောင့် အများကြီးမကြူးချင်တာမို့ စိတ်ထိန်းနေရတာဖြစ်သော်လည်း လူက ခြေတပြင်ပြင်။
ရိပေါ်လေးရှိရာ အရပ်သို့ခြေဦးလှည့်ချင်နေသော မိမိစိတ်ကိုသာချွန်းအုပ်ထားလိုက်ရပါတော့တယ်။
"အင့်...အစ်....အဟင့်..."
"အိုးအို...သားရေ...မငိုပါနဲ့ ဦးဦးကနို့နို့တိုက်မယ်နော်..."
YOU ARE READING
Dear My Life...
FanfictionDear My Life, I love you. By the way, I was made for loving you. This is all for now.The only thing is that I love you. With best loves. ...