22

787 88 9
                                    

Suggest song-I Was Made For Loving You
By TORI KELLY AND ED SHEERAN

__________________________

ဘဝကြီးက သေချာပေါက်ပြေးလမ်းတစ်ခုဖြစ်နေခဲ့မယ်ဆိုရင်
ကျွန်တော်က ကျန့်ကောရဲ့အပြေးဖိနပ်လေးနော်....။

ကျန့်ကောက ဖိနပ်လေးဆိုရင်တော့ ကျွန်တော်ကသိမ်းထားမယ်။

__ __ __ __

"ဝမ်ရိပေါ်ကို ရွေးလိုက်ရတဲ့အကြောင်းအရင်းက ဒီကာရိုက်တာနဲ့ အရမ်းလိုက်လို့ပါ၊ ဒီချန်အန်းကာရိုက်တာက ဝမ်ရိပေါ်လိုပဲ အေးစက်စက်နိုင်ပါတယ် အဓိကအချက်က​တော့ အေးစက်တာကိုသဘောကျတာပေါ့ ဘယ်သူ့ကိုမှအာရုံထဲမထားတဲ့ပုံစံမျိုးလေ"

စကားတွေကို နားသာထောင်နေရတာ။ လူကအဆင်သိပ်မပြေတော့။
ပြောနေတဲ့ပုံက သူကလူမှုရေးခေါင်းပါးတဲ့၊ ဘယ်သူ့ကိုမှအဖတ်မလုပ်တဲ့၊
တစ်ယောက်တည်းထိုင်အထီးကျန်နေတဲ့ သွေးအေးလူသတ်သမားကြီးကြနေတာပဲ။
ရိပေါ်က မခင်တတ်တာမဟုတ်ဘူး။ ဒီအတိုင်း...ပြောဖို့ခက်ခဲနေတာဆိုတာ ဘာလို့ဘယ်သူမှနားမလည်တာလဲ။

ဒီအတိုင်း နည်းနည်း​လေးစကားမစတတ်ရုံ နည်းနည်း​လေးရှက်တတ်ရုံပါပဲ။
နား​ထောင်ရတာကျဥ်းကျပ်သလိုခံစားလာရတဲ့အခါ ထိုင်​နေရင်း ကျန့်ကောကိုသတိရလာပါတယ်။

ကျန့်ကောပဲသူ့ကိုနားလည်တာမို့ ကျန့်​ကောကိုပဲလွမ်းမိတယ်။

"ဆိုတော့ကား...ဝမ်ရိပေါ်က ဒီဇာတ်ရုပ်မှာတော့ မင်းသမီးကိုလိုက်ကြိုက်ရမယ်၊မင်းသမီးရဲ့ထားသွားခြင်းတွေ၊ လျစ်လျူရှုမှုတွေကိုခံရပေမယ့် ဆက်ချစ်သွားရမှာ ဘယ်လိုပြောရမလဲ ချစ်လွန်းလို့ လက်လွှတ်ပေးလိုက်တဲ့သဘောပေါ့ကွာ...ရိပေါ်ကအသစ်ဆို​တော့ဘာမှသိမှာမဟုတ်​သေးဘူး အဓိကသရုပ်ဆောင်တွေနဲ့ အခြားဝါရင့်တွေဆီကပညာယူပါ​နော်"

ရိပေါ် ငြိမ်ငြိမ်လေးပဲထိုင်ရင်း ဒါရိုက်တာ၊ ထုတ်လုပ်သူနဲ့ စာရေးဆရာတို့က သူ့ရဲ့ဝတ္တုအကြောင်းကိုတစေ့တစောင်းပြောပြနေတာသာ ခပ်အေးအေးနားထောင်နေလိုက်တယ်။

အခုမှဇာတ်လမ်းအ​ကြောင်းအကြမ်းဖျင်းရှင်းစ​ဆို​တော့ ကိုယ်တိုင်လိုက်​ပြောဖို့ဘာမှမလိုအပ်ဘူး​လေ။ အားလုံးကလူကြီး​တွေပဲမို့ သူ့အတွက်က ငြိမ်ငြိမ်​လေးထိုင်​နေဖို့ပဲလိုတယ်။

Dear My Life...Where stories live. Discover now