1

6.9K 293 18
                                    

"ဝေ...မား...အွန်း...သိပါတယ်...အင်း။ စိတ်ချဂရုစိုက်ပါ့မယ် အွန်း....ခုသွား​တော့မယ်ရပြီလားဗျ?။ အင်း...ဒါပဲနော်....အင်းချစ်တာပေါ့ မွ"

မားဘက်ကနေဖုန်းချသွားပြီး​နောက် ကျန်နေသေးတဲ့စာအချို့ကိုအပြီးသတ်ဖို့ပြင်ရပါတယ်။ ဒါပြီးရင်တော့ မားစကားနားထောင်ပြီး အပြင်ထွက်ဦးမှပါပဲ။
အခန်းထဲပိတ်နေတာက မကောင်းမှန်းသိပေမယ့် စာတွေများလာတဲ့အခါ မနေချင်လည်းနေရတယ်။ ဆေးကျောင်းသားတစ်ယောက်ဖြစ်တဲ့ကျွန်တော်က ရည်မှန်းချက်ကိုထိထိမိမိလှမ်းနိုင်ဖို့ တကယ့်ကိုအပြင်းအထန်ကြိုးစားရတာပေါ့။

စာတွေကိုပြတ်သလောက်နီးပါးဖြတ်ပြီးတဲ့အခါ ပူနေပြီဖြစ်တဲ့ခေါင်းကြောင့် ဆက်ပြီးထိုင်နိုင်စွမ်းက ကုန်ဆုံးသွားပြီ။ အနည်းငယ်အပျင်းကြောဆွဲပြီးနောက် အခန်းပြတင်းပေါက်ကနေတစ်ဆင့် အပြင်ဘက်ကိုလှမ်းကြည့်လိုက်တော့ ကျွန်တော်သဘောကျတဲ့နှင်းဖြူဖြူတွေကိုမြင်ရတာကြောင့် တကယ်စိတ်ချမ်းသာသွားရတယ်။

မားပြောတဲ့အတိုင်းအပြင်လေးဘာလေး ထွက်လျှောက်ပြီး လေကောင်းလေသန့်လေး ရှုဦးမှပါပဲ။ နှင်းတွေကြားခဏတစ်ဖြုတ်​လောက် လမ်းလျှောက်လိုက်ရရင်တော့ စိတ်​တွေပြန်ကြည်လာမယ်ထင်ပါရဲ့။

အိမ်ထဲမှာထက်စာရင် အပြင်ကအများကြီးပို​အေးမယ်ဆိုတာကိုသိ​တော့ အ​အေးကြိုက်​ပေမယ့် ကျွန်တော် အနွေးထည်ထူထူကိုကိုယ်မှာစွပ်ပြီး သိုး​မွှေးဦးထုပ်​လေးကိုလည်းဆောင်းလိုက်ပါတယ်။ အပြင်ထွက်ရင်း လိုမယ့်အရာလေးတွေပါ တစ်ခါတည်းဝယ်ဖို့ဆန္ဒရှိတာကြောင့် ရှိစုမှတ်စုငွေတစ်ချို့ကို ​သေတ္တာထဲမှထုတ်ယူပြီး အပြင်ကိုထွက်လာခဲ့လိုက်တယ်။

မြို့ပြနေရာမဟုတ်ပေမယ့် ပေကျင်းမြို့ကြီးရဲ့အပိုင် ဤလမ်းမတစ်နေရာကတော့ လှုပ်ရှားသွားလာနေတဲ့သူတွေအမြောက်အမြားနဲ့စည်ကားလို့နေတယ်။ နှင်းမှုန်ဖြူဖြူတွေက အရောင်စုံထိန်လင်းနေတဲ့ ကြော်ငြာဆိုင်းဘုတ်တွေအထက် တစ်လျှလျှ
ဝေကျနေပုံကလည်း ကျွန်တော့်ဝါသနာကို ပြန်နိုးထချင်လာအောင် အင်မတန်ဆွဲဆောင်လွန်းနေတာ။

Dear My Life...Where stories live. Discover now