17

845 107 11
                                    

ကိုယ့်ရဲ့ချစ်ခြင်းတွေသာ နှင်းမှုန်လေးတွေဆိုရင် ရိပေါ်ရေ...
မင်းလေးတော့ နှင်းထုကြီးထဲမြုပ်နေတော့မှာပဲ။

_________________

"ဟဲဟဲ အဲ့လိုပဲလေ..ကုသိုလ်ကံချင်းကွာတယ်ဆိုတာ ဒီမှာတင်စသိရတာပဲ"

*လဒ​လေး....မင်းဝဋ်လည်ဦးမှာ*

"အင်း...လည်လည်းပြသာနာမရှိပါဘူး၊ ဘယ်နေရာမှာနေရနေရ​လေ။ ပိတ်ရက်မှာအနားမယူရလည်း ငါ့ရဲ့အသည်းအသက်လေးနဲ့တူတူရှိနေရရင်ဖြစ်တယ်ကွ....
ခုဆိုပိတ်ရက်လည်းရ အသက်လေးနဲ့လည်းတူတူနေရနဲ့ ဟဲဟဲ ဘယ်လောက်တောင်သာယာနေလိုက်လဲ"

*တော်ပြီ မင်းနဲ့စကားပြောရတာ အကုသိုလ်ကိုများတယ် လဒ​လေး...ချပြီ*

ကျိုးချန်က ဖုန်းချသွားတော့မှရယ်နေမိတာကနေ မနည်းအရှိန်သတ်ရတယ်။
အင်း...ရှောင်းကျန့်က မစားရတဲ့ စပျစ်ချဉ်နေတာ လို့ပဲပြောပြော TSML အကြောင်းကိုသိပ်တောင်မတွေးဖြစ်တော့ပါဘူး။ ကျိုးချန်က TSML ရဲ့အယောက်၂၀ ရွေးချယ်မှုထဲပါသွားတယ်လေ။ ဒါကိုမနာလိုမဖြစ်ပါဘူး။

သူငယ်ချင်းကောင်းစားသွားတာပဲမလား။ သူလည်းခုသူရောက်နေတဲ့ OM မှာပဲအရမ်းပျော်နေရတာပဲကို။

ပြသာနာက TSML...။ နာမည်ကြီးဆေးရုံမို့ လူအရမ်းများတာကြောင့် အကူတွေကိုတောင် ပိတ်ရက်မပိတ်ပေးဘူးတဲ့လေ။

ခရစ်စ္စမတ်​တောင် အကြိုနဲ့အတက် နှစ်ရက်ထဲပိတ်ပေးပါသတဲ့။
ထိုအခါတော့ ပိတ်ရက်ကြိုက်တဲ့ ကိုယ်တော်ချောကျိုးချန်တို့ တင်းလေပြီပေါ့။ ဒါကိုဖုန်းဆက်လို့ စနောက်နေကြခြင်းပဲ။

ရှောင်းကျန့်တောင်တွေးမိသေး။ TSML ထဲမပါသွားတာ တော်သွားတာများလားဆိုပြီး။ မဟုတ်လို့သူသာအများကြီးအလုပ်များ​နေခဲ့ရင် ရိ​ပေါ်​လေးနဲ့ပထမဆုံးအတူတူကြုံရတဲ့ ဒီခရစ္စမတ်ကိုမမှီ​နိုင်ဘူးမို့။

ဒါပေမဲ့လည်း ဆရာအိုပြောတဲ့အတိုင်းသေချာတွေးကြည့်ရင်တော့ သူကနည်းနည်း​တော့လွဲ​နေပါတယ်။ ဆရာဝန်ဆိုတာအချောင်ခိုနေလို့မရဘူးတဲ့၊ အမြဲလိုလိုလူ့အသက်ကယ်ဖို့ပဲ တွေးနေရပါမယ်တဲ့။

Dear My Life...Where stories live. Discover now