7

1.1K 144 11
                                    

Suggest song-Put Your Head On My Shoulder
By PAUL ANKA

^^^^^^^^

ကျန့်ကော အနားနားသာနေနေရရင် ကျွန်တော့ရဲ့အကြားအာရုံက ပိုလို့တောင် ကောင်းလာသလို။ ဟိုအဝေးကြီးက ငှက်ကလေးတွေရဲ့မြည်တွန်သံကစလို့၊
အနီးအနားကပိုးကောင်လေးတွေ လမ်းလျှောက်သံကိုပါကြားရတယ်။ သစ်ရွက်လေးတွေရဲ့ တွန်းတိုက်သံ ၊ နာရီလေးက တစ်ချက်ချက်မြည်သံ...အစုံပဲကျန့်ကောရယ်။ ဒါတွေက ကျန့်ကောရဲ့အသက်ရှုသံလေးအပေါ် အာရုံစိုက်မိရင်းဖြစ်လာတာဖြစ်မယ်။

ဒီ့ထက်က​တော့ ကျွန်တော်က သံစဉ်တွေနဲ့ ပိုစည်းဝါးကျလာတာပဲ ကျန့်ကောရဲ့...။
သီချင်းလေးတစ်ပုဒ်ကို နားထောင်မိလိုက်တာနဲ့ ပြေးမြင်တတ်တာက ကျန့်ကောပဲမို့ သီချင်းသံစဉ်တွေက ကျွန်တော့်ရဲ့ ခံစားရာဖြစ်လာတယ်။

ကျွန်တော့်ရဲ့အရာရာက ကျန့်ကောကြောင့်ပဲဖြစ်တည်လာတာနော်။
ဒါ​တွေကို ကျန့်​ကောသိ​အောင်ထုတ်​ပြောပါဦးမယ်။

-----------------------

"ခဏ​လေး..."

ကျန့်ကောကပြောပြီးတာနဲ့ လှည်းဆိုင်လေးဆီအပြေးသွားတယ်။
ရိပေါ်ကနောက်ကနေမှဖြေးဖြေးချင်းလိုက်သွားတဲ့အခါ ရိပေါ်ရောက်တော့ ကျန့်ကောက မုန့်တွေတောင်မှာပြီးနေပြီ။

ဆိုင်မှာရောင်းတာတွေက ငါးအသားပြားချောင်း၊ တော့ပိုကီ၊ ကြက်ဥလမုန့်၊
ဖက်ထုပ်ကြော်/ပြုတ်၊ ခေါက်ဆွဲကြော်၊ ရေခဲမုန့်နဲ့ အအေးမျိုးစုံတို့ ဖြစ်တယ်လို့​မြေဖြူဆိုင်းဘုတ်​လေးမှာ လက်​ရေးဝိုင်းဝိုင်း​လေး​တွေနဲ့ ရေးထားတယ်။

လတ်လတ်ဆတ်ဆတ်မုန့်​တွေကိုကြည့်ရင်း ကျန့်ကောဘာမှာလိုက်လဲမသိပေမယ့် ကျန့်ကောအတွက် ထပ်ဝယ်ပေးဖို့ စိတ်ကူးရလာတယ်။ အိမ်ရောက်ရင်စားလို့ရအောင်​ပေါ့။ တစ်​ယောက်တည်း​နေတဲ့ကျန့်​ကော အစားအ​သောက်ကိုဂရုမစိုက်ဘူးဆိုတာ သူသိ​နေပါတယ်။

"ဦးလေးကြီး ငါးအသားပြား၂ချောင်းနဲ့ ဖက်ထုပ်ပြုတ် ၂ပွဲပေးပါ"

"ဟင် ရိပေါ်...ကိုယ်မှာပြီးသားလေ"

"ကျန့်ကော အိမ်ရောက်ရင်စားဖို့"

Dear My Life...Where stories live. Discover now