27

791 93 20
                                    

"ဝမ်ရိပေါ်ရဲ့ ပထမဆုံးရုပ်ရှင်မဟုတ်လားဗျ"

"ဟုတ်ကဲ့..."

"ပထမဆုံးအနေနဲ့ သရုပ်ဆောင်ရတာဆိုတော့ ဘယ်လိုမျိုးခံစားရပါသလဲ"

"ကျွန်တော့်အတွက် တကယ်ခက်ခဲတဲ့ဇာတ်ရုပ်ပါ စိတ်လှုပ်ရှားခဲ့ရပါတယ်"

"ဘာလို့ခက်ခဲတာလဲ ပထမဆုံးမို့လို့လား"

"မဟုတ်ဘူး သူကကျန်ရစ်ဇာတ်ကောင် ကျွန်တော်ကကျန်ရစ်မဖြစ်ဘူးဆိုတော့နည်းနည်းအခက်အခဲရှိသွားရုံပါ...ဘာပဲဖြစ်ဖြစ်ကျွန်တော်က ပိုကံကောင်းတာအမှန်ပါပဲ"

"အား!!!! ရှောင်းကျန့် မင်းဟာလေးကဘာလား"

ကျိုးချန်က ထအော်လေပြီး ကျိယန်ကတော့ မျက်လုံးကြီးပြူးကြည့်လို့။
သူ​တို့အံ့သြမှု​တွေကိုအ​တောမသတ်နိုင်ကြ​တော့ပါဘူး။
ရှောင်းကျန့်ကလား...ရှောင်းကျန့်ကတော့ မိန့်မိန့်ကြီးပြုံးလျက်ပါပဲ။

သူ့ကောင်လေး အင်တာဗျူးမှာဖြေသွားတာတွေကို ကြည့်ရင်းရှောင်းကျန့်ကဂုဏ်ဆာနေတာဖြစ်တယ်။ ​ကောင်​လေးကမလိမ်တတ်ဘူး။ ဒါ​ကြောင့်မို့ဘာ​တွေပဲ​မေးလာပါ​စေ အမှန်အတိုင်း​တွေ​ တည့်တိုး​တွေဖြေတဲ့အခါ သူ့မှာရယ်လည်းရယ်ရကြည်လည်းကြည်နူးရဖြစ်ရတယ်။ ကောင်လေးက တစ်ဖက်လှည့်နဲ့ သူ့ကိုရည်ညွှန်းသွားတာ​လေဆိုပြီး​ဂုဏ်ဆာရ​တော့တာပေါ့။

ဒါ​ပေမဲ့ အရိပ်သုံးပါးနားမလည်တဲ့ကျိယန်စကားရဲ့နောက် ရှောင်းကျန့်ရဲ့အပြုံးတွေက တမဟုတ်ချင်းပျောက်ကွယ်သွားခဲ့ပါတယ်။

"ရိပေါ်ကအခုမှတက်သစ်စကို အဲ့လိုတွေပြောလိုက်တော့..နာမည်"

'ဗြန်း..'

"အား..ကျိုးချန် ဘာလို့လာရိုက်တာလဲ!"

"ပါးစပ်ပိတ်"

ကျိုးချန်က ကျိယန်ကိုလက်တို့လို့ ပါးစပ်ပိတ်ခိုင်းပေမဲ့ ကြားသင့်သလောက်ကြားပြီးပြီမို့ သူဆက်တွေးလို့ရပါတယ်။

အဲ့ဒီ​တော့မှကိုယ့်ဘက်ကိုယ်ယက်​နေမိတဲ့စိတ်​တွေကိုသူအမှန်အတိုင်းပြန်သတိထားမိ​လေပါတယ်။

တကယ်ပါပဲ...တကယ်ပဲ ရိပေါ်လေးကတက်သစ်စ​လေးပဲရှိ​သေးတယ်။
ရုပ်ရှင်မင်းသားတစ်​ယောက်ရဲ့​အောင်မြင်မှု​ဆိုတာမှာ လူလွတ်ဖြစ်ခြင်းဆိုတဲ့အ​ကြောင်းပြချက်တစ်ခုလည်းရှိ​နေ​သေးတယ်။ ဘယ်​လောက်ပဲအရည်အချင်းနဲ့တက်တယ်ပဲ​ပြော​ပြော ဒါကဝါရင့်တစ်​ယောက်အတွက်ပဲမ​ပြောပစရာအရာဖြစ်လိမ့်မယ်။
တက်သစ်အနုပညာရှင်​လေးတစ်​ယောက်အတွက်ဆို လူလွတ်ဖြစ်ခြင်းမဖြစ်ခြင်းကသူ့ရဲ့​အောင်မြင်မှုနဲ့တိုက်ရိုက်အချိုးကျ​နေမှာပဲ။

You've reached the end of published parts.

⏰ Last updated: Nov 07, 2023 ⏰

Add this story to your Library to get notified about new parts!

Dear My Life...Where stories live. Discover now