19

678 113 9
                                    

ချစ်ခြင်းရဲ့နောက်စွန့်လွှတ်အနစ်နာခံခြင်းဆိုတာတစ်ခု ကပ်ပါလာတတ်ပေမယ့် မင်းကတော့ကိုယ် စွန့်လွှတ်ဖို့အတွက်ခြွင်းချက်။

-------------------

"ကျန့်ကော...."

ရိ​ပေါ်ကခပ်ညီးညီး​က​လေးဆို​တော့ ကျန့်​ကောက​ချော့တယ်။

"အတည်ပါရိပေါ်ရယ်...ရန်ဖြစ်တာပါ၊ သူကပါပါးတို့ကိုရန်လာစလို့ စကားများရင်းဖြစ်သွားတာ"

ရိပေါ်မှာ ကျန့်​ကောရဲ့မျက်နှာကိုခပ်ဖွဖွလိုက်ထိတွေ့ရင်း မျက်ရည်တွေဝဲရတယ်။ ရိပေါ်ရင်ထဲခုဘယ်လောက်တောင် နာကျင်နေလဲဆိုတာ ရိပေါ်ပဲသိတယ်။

ကြင်ကြင်နာနာနမ်းရှိုက်ရမယ့် မျက်နှာနုနုလေးကို ရက်ရက်စက်စက် ထိုးသွားခဲ့တယ်လို့...။ ဒေါသတွေထွက်လွန်းလို့ အသား​တွေတဆတ်ဆတ်တောင်တုန်ပါတယ်။

"စိတ်ချပါရိ​ပေါ်ရဲ့ ...ကိုယ်က သူ့ကိုအနိုင်သိပ်ခဲ့တာပါကွာ"

"ဒါ​ပေမဲ့မ​ကျေနပ်ဘူးဗျာ"

"စိ​တ်​လျှော့ပါကွယ်...ကိုယ်လည်းအဆင်​ပြေ​နေတာပဲ"

"ကျွန်​တော်မှအဆင်မ​ပြေတာ"

"လိမ်မာပါတယ်...သွား​ပြောမ​နေနဲ့​တော့ ကိုယ့်ရိ​ပေါ်ကလိမ်မာတယ်မလား"

ပြသာနာသွားရှာမယ်ဆိုတော့ မားရောကျန့်ကောရောက ပြီးတာကပြီးသွားပြီ
စိတ်လျှော့လိုက်ပါတော့ဆိုတာနဲ့ အတင်းဖြေသိပ်နေကြတာကြောင့် ဒေါသထွက်နေမိရုံကလွဲလို့ ဘာမှမလုပ်နိုင်။

ခုကြည့်ပါဦး...မျက်လုံးတစ်ဖက်ကယောင်ကိုင်းလို့ မျက်နှာတစ်ခြမ်းက ဖောင်းနေပြီ။ သူကြင်နာစွာနမ်းရှိုက်ခဲ့တဲ့ ပါးက​​လေးကိုခုခပ်ဖွဖွ​လေးတောင်မထိရက်။ သူ့ကိုရင်ခုန်စေတဲ့ဤနှုတ်ခမ်းပါးလေးကြတော့ရော ဘာထူးသလဲ...သွေးစလေးတွေစို့လို့ ညိုယောင်းနေပြီ။

ကျန့်ကောရယ်...သိလား..ကျွန်တော်ကအခုအညိုရောင်​တွေကိုမုန်းချင်သွားပြီဗျ။

"ဆေးထပ်ထည့်ကြရအောင်..."

သူကပြောတော့ ကျန့်ကောကခေါင်းခါတယ်။
သူ့လက်တို့ကိုဆွဲကိုင်ရင်း...နာကျင်နေရှာမယ့် ပါးပြင်တို့အပေါ်အပ်လို့

Dear My Life...Where stories live. Discover now