Extra 1 ( Merry Christmas )

7.4K 823 73
                                    

Unicode

Christmas ပွဲတော်နေ့  .....

Seoul မြို့၏ နံနက်ခင်းမြင်ကွင်းတစ်ခုလုံးက Christmas နေ့အထိမ်းအမှတ် အလှဆင်ယင်မှုတွေနှင့် ပြည့်နှက်နေကြကာ jingle bell သီချင်းသံက တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ပျံ့လွင့်နေကြ၏ ။

နှင်းတော့ကျမနေသော်လည်း မြူများနှင့်ရစ်သိုင်းနေသဖြင့် ပြိုးပြိုးပြက်ပြက် ခရစ္စမတ် မီးရောင်များက ပိုလို့ထင်ရှား လင်းလက်နေပါသည် ။
သူဌေးရပ်ကွက်တွင်းဖြစ်၍ အိမ်တိုင်းလိုလို အလှဆင်ထားသည့် အစိမ်းရောင် ထင်ရှူးပင်တစ်ပင်စီ ရှိနေကြသော်လည်း အိမ်တစ်လုံးအတွင်းမှသစ်ပင်မှာမူ ဘာအလှပြင်ပစ္စည်းမှ ရှိမနေသည့်အပြင်  ယိုင်လဲ၍ပင် နေသေး၏ ။

အနီနှင့်အဖြူရောစပ်ထားသော ဆွယ်တာကို ဝတ်ဆင်ထားသည့် ချန်းယောလ်သည်ကား ဧည့်ခန်းအတွင်းပြန့်ကြဲနေသော စက္ကူပုံးများကို ခြေတံရှည်ကြီးများနှင့် ကျော်ခွရင်း ပေါင်မုန့်နှင့်အခြားစားစရာများထည့်ထားသည့် စက္ကူအိတ်ကြီး ၂ ခုကို လက်တစ်ဖက်စီတွင် ဖက်တွယ်ထားပြီး မီးဖိုခန်းထဲပြေးနေရသည်။

' ဟတ်ချိုး !  ´

မနက်အစောကြီး နီးစပ်ရာ mart ကိုပြေးထားရသည့်အတွက် ချန်းယောလ်ရဲ့ လက်တွေခြေထောက်တွေ အကုန်လုံး ထုံကျင်အေးစက်နေသည်က ကွေးရန်ဆန့်ရန်တောင် အားထုတ်နေရသည့်အခြေအနေပင် ။

ဝယ်လာသည့် ပစ္စည်းပစ္စယများနှင့်အတူ အရင်ဆုံး ကွတ်ကီးအနည်းငယ်ဖုတ်ရန် အလောတကြီးပြင်ဆင်ရ၏ ။

' အာ ... ဆိုင်ကဝယ်လာရင်ပြီးပြီကို
သက်သက် ငါပဲအလုပ်ရှုပ်ခံနေရတယ် ´

သူကိုယ်တိုင်လုပ်ထားတာလေး စားစေချင်လို့ပါဟူသော စေတနာနှင့်မနက်အစောကြီးထ၍ လက်ဖျားများအခဲခံကာ ပြင်ဆင်ပေးနေရပါသော်လည်း ခုထိ အိပ်ယာထဲ ကွေးကောင်းတုန်းဖြစ်သည့် တစ်စုံတစ်ယောက်ကြောင့် စေတနာများပျက်ချင်လာလေသည် ။

' ဗြောင်ဘတ်ဟျွန်း !!!!!! 2 ရက် 3 ရက်လောက်ထိ ဆက်အိပ်ဖို့စဥ်းစားနေတာလား !
နေဖင်ထိုးရုံတင်မက ဖင်ထဲပါဝင်တော့မယ် ´

Marriage   And   Love  ( Completed ) Where stories live. Discover now