MAL - 4

5.6K 893 20
                                    

Unicode

Seoul လမ်းမတစ်လျှောက်မောင်းနှင်လာသော
Mercedes Benz ထဲတွင် Beat ကြမ်းကြမ်းနှင့်
Pop သီချင်းတစ်ပုဒ်က ကျယ်ကျယ်လောင်လောင်ပင်
နေရာယူနေသည် ။

ရဲစခန်းမှ သူအာမခံပြီး ထုတ်လာရသော
Byun Baekhyun သည် ပြသနာရှာခဲ့သည့်သူ
မဟုတ်သည့်အတိုင်း သီချင်းကိုသာ အကျယ်ကြီးဖွင့်ပြီး
တစ်လမ်းလုံးလိုက်ဆိုလာရုံမျှအပ Chanyeol ကို
နည်းနည်းလေးတောင် အဖက်မလုပ်ပေ ။

သည်းမခံနိုင်သည့် အဆုံး
သီချင်းကို ပိတ်ပစ်လိုက်တော့
Byun Baekhyun သည်
စုတ်တစ်ချက် သပ်ရင်း မျက်ခုံးပင့်၍
ကြည့်လာ၏ ။

Chanyeol သည် ကားလမ်းမပေါ်ကိုသာ
အာရုံစိုက်ရင်း  ဘေးဘက်က ကောင်လေးကို
တစ်ချက်မျှ ငဲ့မကြည့်ပဲ မေးလိုက်သည် ။

' ဘာလို့ သူများကိုသွားထိုးတာလဲ ?
မင်းအရင်ကလည်း  ဒီလိုရိုင်းရိုင်းစိုင်းစိုင်းပုံစံမျိုးနဲ့
ကြီးပြင်းလာတာလား ´

' ခင်များက ဘာမှန်တာရိှနေလို့
ကျွန်တော့်ကို အဲ့လိုစကားမျိုးပြောရတာလဲ !
အဲ့ခွေးမသားတွေက ကျွန်တော်နဲ့ခင်များရဲ့
ဓာတ်ပုံတွေကို သတင်းတိုက်ကို သွားပေးခဲ့တာဗျ
သိရဲ့လား !
ခင်များသာ Hotel အခန်းတံခါးကို ပိတ်ခဲ့ရင်
ဒါတွေ ဖြစ်လာစရာလား ´

သွေးဆူနေသော ကောင်လေးသည်
အေးအေးဆေးဆေး ပြောသည်ကိုလည်း
အေးအေးဆေးဆေး မတုံ့ပြန်နိုင် ။
အာကျယ် အာကျယ်နှင့် အော်လာလေသည် ။

ချက်ချင်း တုံ့ပြန်ရန် ထိုကောင်လေးဘက်သို့
လှည့်လိုက်သော်လည်း သူ့မှာ ဘာတုံ့ပြန်စရာမှ
ရိှမနေသည့် ဘဝ ။

Chanyeol သည် သက်ပြင်းသာ ချလိုက်ရင်း
ဆူညံနေသည့် သူ့သီချင်းကိုသာ
ပြန်ဖွင့်ပေးထားလိုက်တော့၏ ။

ဒီအချိန် အဲ့ကောင်လေးနဲ့ ဖက်ပြီး ရန်ဖြစ်နေတာထက်
သူ့ဟာသူ ဒုန်းဒုန်းဒိုင်းဒိုင်း သီချင်းတွေ နားထောင်ခွင့်
ပေးထားလိုက်တာကပဲ ပိုကောင်းမည် ။

အိမ်ပြန်ရောက်တော့လည်း အဝတ်လဲပြီးတာနဲ့
ကုတင်ပေါ်တက်လှဲ  ထောင်ထားသည့်ဒူးတစ်ဖက်ပေါ်
နောက်ခြေထောက်တစ်ဖက်ကို တင်ရင်း
ခြေတလှုပ်လှုပ်နှင့်  ဖုန်းသုံးနေသော ကောင်လေးကြောင့်
Chanyeol သက်ပြင်းချ၍ အခန်းထဲမှ ထွက်လာခဲ့တော့၏ ။

Marriage   And   Love  ( Completed ) Where stories live. Discover now