MAL - 6

5.5K 845 53
                                    

Unicode

Chanyeol နှင့် Baekhyun အိမ်ကိုပြန်ရောက်တော့
ညနေ  6 နာရီကျော်ရုံမက ခွဲလုနီးနီးရိှနေပြီမို့ 
ပတ်ဝန်းကျင်တွင်  အလင်းသဲ့သဲ့သာရိှတော့၏ ။

အိမ်သို့ပြန်ရောက်ရောက်ချင်း  ချွေးတွေနှင့်ရွှဲနစ်နေသော
Baekhyun ကအရင် ရေချိုးခန်းထဲ ဝင်သွားသည် ။

မောမောနှင့် ရေတစ်ခွက်ယူသောက်ပြီး
အခန်းထဲ ပြန်ဝင်လာတော့ ရေချိုးခန်းထဲမှ
သီချင်းညည်းသံသဲ့သဲ့ကို Chanyeol ကြားလိုက်ရ၏ ။

ဒီကောင်လေး ဘာဖြစ်နေပါလိမ့် ?
ညနေအပြန်လမ်းတွင်လည်း လေတချွန်ချွန်နဲ့
သူ့ကားနဲ့အပြိုင် ယှဥ်လိုက်နေလို့  သူ့မှာ
ကားကို သတိထားပြီးမောင်းခဲ့ရသေးတယ် ။
ကြည့်ရသလောက်တော့
တော်တော် အူမြူးနေတယ် ထင်ပါ့  ။

ရေချိုးခန်းနံရံဆိုတာကလည်း  အသံအတော်လုံတာမို့
အားရပါးရ ဆိုနေမှသာ ဒီလိုမျိုး အပြင်ဘက်က
ရှင်းရှင်းလင်းလင်း ကြားနိုင်တာလေ ။

Chanyeol သည်  တစ်ချက်ရယ်ကာ ခေါင်းကို
အသာယမ်းရင်း  အိပ်ယာထက် လှဲချလိုက်တော့သည် ။

_
_
_

အိပ်ခန်းက အတော်ပင်ကျယ်သော်လည်း
Baekhyun ၏ game စက်တွေက
နေရာယူထားသောကြောင့်  Chanyeol
အလုပ် လုပ်ရမှာ လုံးဝ အဆင်မပြေပေ ။

ပထမနေ့က ဆေးထည့်ပြီးပြီးချင်း မောမောနဲ့
သူရောကိုယ်ရော အိပ်သွားတာမို့ ကိစ္စမရိှပေမယ့်
ယနေ့တော့ ညနေစာစားပြီးကတည်းက
gaming pc ရှေ့မှ မထသော Baekhyun ကြောင့်
Chanyeol သာ အလုပ်စားပွဲကို အခြားအခန်းသို့
ရွှေ့လိုက်ရ၏ ။
​ခေါင်းမာလွန်းသော ခေတ်လူငယ်တွေနဲ့ သူလည်း
အခြေအတင်ပြောမနေပါ ။

Headphone နဲ့  mic နဲ့ဆော့တာမို့
game သံတွေကို မကြားရပေမယ့်
သူ့သူငယ်ချင်းတွေနဲ့ အခြေအတင်ပြောဆိုနေတဲ့
Baekhyun အသံတစ်ခုနဲ့တင် ဆူညံနေတာမို့
ဘယ်လိုမှ အလုပ်က်ို အာရုံစိုက်မရနိုင် ။

အဲ့ဒီ ပြသနာကပဲ  နောက်အခန်းကို အလုပ်စားပွဲ
ရွှေ့လိုက်တော့  ချက်ချင်းပြေလည်သွားသေးတယ် ။
မပြေလည် နိုင်တဲ့ တကယ့်ပြသနာက
ည 11 နာရီခွဲမှာ စ၏ ။

Marriage   And   Love  ( Completed ) Where stories live. Discover now