MAL - 29

6.2K 807 31
                                    

Unicode

Baekhyun အနေရခက်၍ ဘာစကားဆက်ပြောရမှန်းမသိ ဖြစ်နေစဥ်မှာပင် ကံကောင်းထောက်မစွာ အဒေါ်ကြီးက နေ့လည်စာစားရန် အသင့်ဖြစ်ကြောင်း လာပြောတော့သည် ။
ထိုအခါမှ Chanyeol ကလည်း အခြေအနေကိုထိန်း၍
ရယ်မောကာ စကားစမြည် ဆက်ပြောလေ၏ ။

' ကျွန်တော်တို့လည်း မနက်စာအများကြီး မစားထားတော့
ဗိုက်ဆာနေပြီ .. သွားရအောင်လေ ဦးလေး ..
လာ Baekhyun ရောထ .. '

' အင်း အင်း ဟုတ်တယ် ...
နေ့လည်စာ အရင်သွားစားရအောင်နော် ...
ပြီးမှ စကားဆက်ပြောကြမယ် လာ ... '

Baekhyun သည် ချောင်းအသာဟန့်ကာ
မျက်နှာကို ခပ်တင်းတင်းဖြစ်အောင် ပြင်ရင်း
ထမင်းစားခန်းထဲသို့ ဝင်သွားတော့သည် ။
Chanyeol နှင့် ဦးလေး တို့မှာလည်း တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ကာ သက်ပြင်းချရင်း မင်ဟျွန်း ကိုပါ
ခေါ်၍ အတူလိုက်ဝင်လာခဲ့၏ ။

' ကဲ ... Chanyeol နဲ့ သား က အဲ့ဖက်မှာ ထိုင်လိုက်နော်
မင်ဟျွန်း သားက ဒီဖက်လာ '

တစ်ချိန်လုံး Baekhyun ကိုသာ လိုက်ကြည့်နေသော
ကလေးကို ဦးလေးက လက်ကနေ အသာဆွဲကိုင်ကာ
ခေါ်ရင်း သူ့ဘေးနားကို ထိုင်စေခိုင်းသော်လည်း
လုံးဝ မလှုပ်မယှက်ပင် ရပ်နေလေသည် ။

ကြားနေရသောအသံများကြောင့် Baekhyun
တစ်ချက်ခိုးကြည့်တော့ သူ့ကိုတစ်ချိန်လုံး စိုက်ကြည့်နေသော
မင်ဟျွန်းနှင့် အကြည့်ချင်းဆုံသွားရသည်မို့ ကပျာကယာပင်
ပြန်လွှဲလိုက်လေ၏ ။

သို့သော် မင်ဟျွန်းသည်ကား Baekhyun သူ့ကို
ထိုကဲ့သို့ ကြည့်သည်ကိုမြင်ပြီးသည့် ချက်ချင်းတွင်ပင်လျှင်
ကိုင်ထားသော အဖေ၏လက်ကို ဆွဲဖြုတ်၍
ချက်ချင်းပြေးသွားကာ Baekhyun ဘေးကခုံပေါ်
ထက်ထိုင်လေသည် ။

Baekhyun သည်သူ့ဘေးနားက ခုံတွင်ထိုင်၍
သူ့ကို မော့ကြည့်နေသော ကောင်လေးအား ကြောင် အ စွာပင်ကြည့်ရင်း ဘာစကားတစ်ခွန်းမှ မဆိုနိုင်ခဲ့ပေ ။

ဦးလေးနှင့် Chanyeol တို့မှာလည်း တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ကာ Baekhyun တစ်ယောက် ဒေါကန်၍
မဆဲဆိုရန်သာ ဆုတောင်းရတော့သည် ။

Marriage   And   Love  ( Completed ) Where stories live. Discover now