MAL - 8

5K 895 62
                                    

Unicode

​နေ့လည်က ပြောခဲ့တဲ့အတိုင်း
သူညနေစာစားပြီးတဲ့အထိ ထိုကောင်လေး
အိမ်ပြန်မလာသေး ။

ကိုက်ခဲ ညောင်းညာနေသော ဇက်ကို
Chanyeol ဘယ်ညာ စောင်းလိုက်ပြီး
လက်က နာရီကို ကြည့်လိုက်တော့
ည 8 နာရီခွဲကျော်နေပြီ ။

လူငယ်လေးမို့  ဒီအချိန်အထိ အပြင်မှာနေတာကို
နားလည်ပေးလို့ရပေမယ့် ဖုန်းလေးဘာလေးတော့
ဆက်သင့်တယ်မလား ။ အနည်းဆုံးတော့  သူက
လက်ထပ်ပြီးသားလူလေ ။ လူပျို လူလွတ်မှ
မဟုတ်တော့တာ ။

' သူ့အဖေကလည်း ဒီကောင်လေးကို
ဘာလို့ အဲ့လောက်အလိုလိုက်ထားမှန်းမသိဘူး ´

Chanyeol သည် မျက်မှောင်အနည်းငယ်ကြုံ့ကာ
ရေရွတ်နေတုန်းပင် ရိှသေးသည် ။
Password နှိပ်သံ တတီတီက ထွက်ပေါ်လာတာမို့
ပြသနာကောင်လေး ပြန်ရောက်ပြီးဖြစ်ကြောင်း
သိလိုက်ရ၏ ။

ပြန်ရောက်ကြောင်း အသိပေးတာမျိုး ဘာမျိုး
လုပ်မလားလို့ စောင့်ကြည့်နေသေးသည် ။
သ်ို့သော် Chanyeol ခန့်မှန်းထားသည့်အတ်ိုင်းပင်
ဘာသံမှ မပေးပဲ အခန်းထဲသို့သာ တန်းတန်းမတ်မတ်
ဝင်သွား၏ ။ ထို့နောက် ရေတန်းချိုးသည်ထင်ပါရဲ့ ။
အလုပ်ခန်းနှင့်က ဘေးချင်းကပ်ရပ်မို့ 
ရေကျသံ အချို့ကိုပါ ဝိုးတဝါးကြားရသေးသည် ။

' ဒီကောင်လေး ဒီချိန်ကြီး ရေချိုးလို့
ဖျားရဦးမှာပဲ ´

အပြင်ကရောက်တာနဲ့ ချက်ချင်း ရေတန်းချိုးနေသော
တစ်စုံတစ်ယောက်ကြောင့် Chanyeol သက်ပြင်း
အသာချ၍သာ အလုပ်ကို ပြန်အာရုံစိုက်လိုက်တော့၏ ။

_
_
_

မကြာလိုက် .. Chanyeol အလုပ်တွေအကုန်
အပြီးသတ်လို့ပြီးသွားတာမို့ စားပွဲကို ပြန်ရှင်းပြီးနောက်
ဘေးဘက် ကပ်ရပ် အခန်းသို့ ဝင်လာခဲ့သည် ။
Game ဆော့ရင်ဆော့ မဆော့ရင် ကုတင်ပေါ်မှာ
ဖုန်းသုံးချင်သုံးနေမည်ဟု ထင်မှတ်ထားသော်လည်း
Chanyeol ဝင်လာတော့ အခန်းထဲမှာ
ဘယ်တစ်ဦးတစ်ယောက်မှ ရိှမနေ ။

Chanyeol သည် ဖွင့်လက်စ တံခါးကို
ပြန်ဆွဲပိတ်ရင်း  အိမ်ရှေ့သို့ ထွက်လာတော့လည်း
TV ရှေ့မှာ မရိှ ။  ဟိုဟိုဒီဒီ မျှော်ကြည့်၍
မျက်စိကစားလိုက်မှသာ သစ်သားလိုက်ကာချောင်းလေးတွေ
ကြားမှ  ဝရန်တာဘက်က လူရိပ်တစ်ခုကို
ထင်ထင်ရှားရှားမြင်လိုက်ရလေသည် ။

Marriage   And   Love  ( Completed ) Where stories live. Discover now