MAL - 30 ( Final )

9.8K 1K 185
                                    

Unicode

အစ်မ ယူနာထံမှ ပြန်လာသော လမ်းတစ်လျှောက်
ကားဘေးမှန်ကို ဖွင့်ထားပြီး Baekhyun အတော့်ကို
လန်းလန်းဆန်းဆန်း ရိှနေခဲ့သည် ။

အခု သူ့ဘဝမှာ ပူလောင်စရာလည်း မရိှတော့သလို
ခံစားစရာလည်းမရိှတော့ပေ ။ မင်ဟျွန်းအပေါ်ထားတဲ့
အမုန်းတရားတွေဟာလည်း မဝန်ခံချင်ပေမယ့် ပျောက်ကွယ်လုနီးပါး ဖြစ်သွားပါပြီ ။ ဖြစ်ခဲ့တဲ့ အရာအားလုံး ဘယ်သူ့အမှားရယ်လို့ ညွှန်ပြလို့မှ မရပဲလေ ။ တစ်ယောက်တည်းအပေါ် အပြစ်ပုံချပြီး မုန်းတီးနေတာကတော့ မတရားရာ ကျလွန်းပါတယ် ။

ဆည်းဆာရောင် သမ်းနေတဲ့ ညနေခင်းဟာ
သူ့စိတ်တွေလိုပဲ  ကြည်လင်ကာ အေးချမ်းလို့
နေရောင်နုနုထဲမှာ အတောက်ပဆုံး တည်ရိှနေခဲ့လေသည် ။

' Chanyeol ... ကျွန်တော်တို့ စကိတ်စီးကြမလား ´

____
____

အပြာရင့်ရောင်စိုစိုလေးဖြစ်သော Tee Shirt ကို
အဖြူရောင် ဂျင်းပျော့ဘောင်းဘီ ဒူးတိလေးနှင့် တွဲဖက်ဝတ်ဆင်ထားသော ဘတ်ဟျွန်းသည် ဆံပင်များ
လေထဲတွင် ဝဲလွင့်လျှက် ရိှနေ၏ ။
သူ၏ ခြေထောက်များသည်ကား  စကိတ်အပေါ်
နေရာယူထားသလို  စိတ်လွတ်လက်လွတ်ရယ်မောနေသည့်
မျက်နှာ အမူအယာကလည်း အရမ်းကို ပျော်နေမှန်းသိသာသည် ။

သူကပျော်နေသလောက် သူ့နောက်မှ ကားတစ်စီးနှင့် အတူလိုက်ပါလာသော ယောကျ်ားဖြစ်သူခမျာ မပျော်နိုင်ပါ ။
အကာအကွယ်တွေ ဒူးမှာရော တံတောင်ဆစ်မှာပါ
သေချာဝတ်ပေးလိုက်သော်လည်း  စကိတ်တစ်ချက် ကွေ့ယမ်း
သွားတိုင်း  ဘယ်ချိန်လဲ မလဲဟု အသက်အောင့်ရ၏ ။

စိတ်လွတ်လက်လွတ် ပျော်နေပုံလေးကို တွေ့ရတော့လည်း
အဲ့စကိတ်သိမ်းပြီး  ကားပေါ်တက် လိုက်ခဲ့လို့ မပြောနိုင်တော့ပေ ။
တစ်ခါတစ်လေ စီးရသည်ကို လွတ်လပ်ခွင့် အပြည့် ပေးလိုက်ပါသည် ။

ခဏအကြာတွင်ပင်  ညနေဘက် စကိတ်စီးရာ ကွင်းသို့ရောက်လာလေ၏ ။ ကွင်းကျယ်ကြီးထဲတွင်
ထုံးစံအတိုင်း ဆယ်ကျော်သက်လေးတွေ များ၍
Baekhyun က အကြီးဆုံးအရွယ် ဟုပင် ထင်ရသည် ။
Chanyeol ကတော့ စကိတ်မစီးတတ်ပေမယ့်
လေကောင်းလေသန့်လည်း ရှူရင်း Baekhyun ကိုလည်း
အဖော်ပြုပေးရင်း ဟူ၍ လိုက်လာခဲ့ခြင်း ဖြစ်၏ ။
အင်း ... ပျော်နေတဲ့ မျက်နှာလေးကိုလည်း ကြည့်ရင်းပေါ့ ။

Marriage   And   Love  ( Completed ) Where stories live. Discover now