MAL - 27

7.4K 967 91
                                    

Unicode

ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းသော မနက်ခင်းတွင်
အရင် နိုးထလာရသူက Chanyeol ပင်ဖြစ်၏ ။

သူသည် အိပ်ယာကနိုးနိုးချင်း သတိသိပ်မဝင်သေးသော
အနေအထားဖြင့် ကိုယ်ကိုလှုပ်ရွကာ လက်ခုံဖြင့် မျက်လုံးများကို
ပွတ်သပ်မိပါသော်လည်း ခဏအကြာတွင် ထုံကျင်နေသော
သူ့လက်အခြားတစ်ဖက်နှင့် ထိုလက်တစ်ဖက်ပေါ်ခေါင်းအုံး၍
သူ့ကို ကျောပေးကာ အိပ်ပျော်နေသော ကိုယ်သေးသေးလေးအား
တွေ့လိုက်ရလေသည် ။

Chanyeol သည်  တိုးဖွဖွအသံကလေးထွက်သည်အထိ
ခပ်တိမ်တိမ်ရယ်မိကာ ထိုကိုယ်လေးကို နောက်မှ
သိုင်းဖက်၍ ရင်ခွင်ထဲ ပိုနစ်ဝင်အောင်အသာဆွဲယူပစ်လိုက်၏ ။

နှမြောစရာကောင်းစွာ ဤမြင်ကွင်းက သူလွန်ခဲ့တဲ့ ၁ နှစ်ကပင်
ရင်းနှီးနေပြီးသားပင်ဖြစ်သည် ။
ပြန်တွေးကြည့်လျှင် ရယ်စရာကောင်းသလို
ပထမဆုံးတွေ့ဆုံမှုမှာတင်  သူနဲ့Baekhyun က ခုလို
အဝတ်ဗလာဖြင့်  အတူအိပ်စက်ခဲ့ရသတဲ့ ။
ကွာခြားသွားသည် တစ်ခုက လွန်ခဲ့တဲ့ ၁ နှစ်က အိပ်စက်ခဲ့ခြင်းသည်
ရိုးရိုးတန်းတန်း အိပ်စက်ခဲ့ခြင်းသာ ဖြစ်ပြီး ယခုအိပ်စက်ခြင်းကမူ
သူတို့၏  ပထမဆုံး မဂ်လာဦးညကို ဖြတ်ကျော်၍
ချစ်ခြင်းတရားများဖြင့် ပတ်သတ်နှီးနွယ်မှုအပြီးမှ မောပန်းစွာ အတူအိပ်စက်နေခြင်းပင်ဖြစ်သည် ။

ညတုန်းက ဤငဂျစ်ကြောင့် ကိုယ်လက်နှီးနှောနေရင်း တန်းလန်းဖြင့် သူဘယ်လောက်ထိ အဆဲခံ အရိုက်ခံ
အကုတ်ခံ ခဲ့ရသလဲ ဆိုတာ ပြန်စဥ်းစားမိတော့
ပုခုံးတွေ လှုပ်သည်အထိ မရယ်မိအောင် မထိန်းထားနိုင်တော့ပေ ။

ကံကောင်းစွာ ရင်ခွင်ထဲက ကောင်လေးကတော့ ညကပင်ပန်းမှုကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်ဖြစ်သည် ။ Chanyeol  ၏ လှုပ်ရွမှုများကို ဘာမျှ မခံစားမိသည်နှယ်
အသံရှူမှန်မှန်ဖြင့်  အိပ်နေတုန်း ။

ထိုသို့ပြုံးနေမိစဥ်မှာ စောင်က ပုခုံးအောင်နားသာသာထိ လျှောကျနေတာကို  သတိထားမိလိုက်တာမို့
ပြန်ဆွဲတင်ရန်ပေးရန်  ခေါင်းငုံ့အကြည့် မြင်လိုက်ရသော
လက်ပျဥ်ကျောပေါ်ကဒဏ်ရာနဲ့  မီးလောင်ထားသည့်
အမာရွတ်များကြောင့်  Chanyeol ရင်ထဲ စူးအောင့်သွားရသည် ။
ပြုံးနေရာမှ Chanyeol ၏ မျက်တောင်တွေ အနည်းငယ်လှုပ်ခပ်သွားရပြီး စိတ်မကောင်းဖြစ်စွာ သက်ပြင်းခပ်ဖွဖွ ချမိ၏ ။ 

Marriage   And   Love  ( Completed ) Where stories live. Discover now