MAL - 19

5.9K 946 337
                                    

Unicode

' ရားး ... Byun Baekhyun ´

' ဟေ့ကောင်တွေ ဟေ့ကောင်တွေ 
ဖြည်းဖြည်းလုပ်ကြပါဟ ´

ဆေးရုံတက်ပြီး 2 ပတ်ထဲဝင်လာတော့ Baekhyun
လက်ပျဥ်ရိုးက လှုပ်ရှား၍ မရနိုင်သည်မှလွဲလို့
ထူးထူးခြားခြား နာကျင်နေမှု မရိှတော့ပေ ။
ထသည် ထိုင်သည်များကိုလည်း ဘေးမှလူကူပေးရုံနှင့်တင်
သက်သက်သာသာလုပ်နိုင်လာသည် ။
Baekhyun အဖေမှာလည်း ဤအခြေအနေအထိ
သက်သာသွားမှသာ Company ဘက် နည်းနည်းလှည့်ရတာမို့
အားအားယားယား Jong In ကသာ ဆေးရုံတွင် စောင့်ပေးနေတာ
များသည် ။

ယနေ့တွင်တော့ Baekhyun တို့သူငယ်ချင်းအုပ်စုတွေ
သတင်းလာမေးကြခြင်းဖြစ်ပြီး Baekhyun ကိုမြင်သည်နှင့်
အုပ်စုလိုက်ကြီး အော်လာကာ ပြေးဖက်မည် ပြင်ကြသောကြောင့်
Jong in မှာ ခြေတကားကား လက်တကားကားနှင့် လူနာကို မထိစေရန်တားနေရသည် ။

သူတို့ အုပ်စုတွေက တစ်ယောက်ကို တစ်ယောက်မြင်သည်နှင့်
ထိုးကြိတ် ရိုက်နှက်ပြီး နှုတ်ဆက်လေ့ရိှကြတာမို့ လက်အကျင့်ပါပြီး
မရိုက်မိစေရန် Jong in ကသာ ရှေ့က လူသားဒိုင်းကာ
လုပ်ပေးနေရခြင်းပင် ။

' ဟေ့ကောင်  မင်းထာဝရလက်ကျ်ိုးကြီးဖြစ်သွားမှာတော့
မဟုတ်ဘူးမလား ? မင်းမရိှရင် ဂိမ်းတိုက်ရတာ
အရသာမရိှဘူးဟ ´

' ခွေးသားရယ်  နမိတ်မရိှတာတွေ ပြောမနေပါနဲ့ ´

Jong In ကသာ ကြားထဲမှ ဝင်ဆဲပေးရင်း ခေါင်းကို
ဖြတ်ရိုက်ပေးလိုက်ရသည် ။
Baekhyun သည်လည်း ယခုရက်အတွင်း ပျင်းပျင်းရိရိ
ရိှနေရာ  ယခုလို ဆူဆူညံညံဖြစ်လာတော့မှ စိတ်တွေ
အနည်းငယ် ကြည်၍ ပြုံးပြုံးရယ်ရယ် ဖြစ်လာရသည် ။
အမြဲလိုလို ကုတင်ကို 45° လုပ်ထားပြီး လှဲနေရသောကြောင့်
သက်တောင့်သက်သာရိှသော်လည်း  မလှုပ်နိုင်မရှားနိုင်၍
ပျင်းရိနေရသည် ။ တစ်နေ့ တစ်နေ့ ဒရမ်မာ ကြည့်သည်ကလွဲပြီး
ဘာမှလုပ်စရာမရိှ ။
Park Chanyeol နှင့်လည်း အခန်းချင်းသိပ်မဝေးသော်ငြား
2 ခါသာ တွေ့ရသေးသည် ။ 2 ယောက်လုံး တစ်ယောက်တစ်မျိုးထိခိုက်ထားကြတာမို့ ဆရာဝန်က အထွေအထူးမရိှပဲ မလှုပ်ရှားကြဖို့  မှာကြားထားသောကြောင့်ပင် ။

Marriage   And   Love  ( Completed ) Where stories live. Discover now